အိန္ဒိယရောက် ရိုဟင်ဂျာ ဆိုသူတွေဟာ အကြမ်းဖက်သင်တန်း တက်ထားတယ်လို့ အိန္ဒိယ ပါတီ ပြော

0
284

မြန်မာပြည်ကနေ အိန္ဒိယကို ခိုးဝင်လာတဲ့ မွတ်စလင် (ရိုဟင်ဂျာ) ၄ သောင်းလောက် ရှိနေပြီး အကြမ်းဖက် သင်တန်းတွေလည်း တက်ထားကြလို့ တပ်လှန့်မယ့် အခြေအနေဖြစ်တယ်လို့ ဘီဂျူ ဂျနာတာ ဒါးလ် (Biju Janata Dal – BJD) ပါတီက ပြောဆိုလိုက်ပါတယ်။

BJD ပါတီက မစ္စတာ ဘီ မာတပ်ဘ်က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယက ရိုဟင်ဂျာ မွတ်စလင်တွေ စုစည်းထားတဲ့ ဟာရာခါ အယ်ယာကင် (Harakah alYaqin) ဆိုတဲ့ သူပုန်အုပ်စုသစ် ပေါ်ထွက်နေပြီလို့ The Economic Times ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ ဘင်္ဂလားပင်လယ်အော်၊ မြန်မာနယ်စပ်တို့ကနေ ခိုးဝင်လာကြတာ မွတ်စလင် ၄ သောင်းလောက်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီ ခိုးဝင်လာတဲ့ မွတ်စလင်တွေဟာ ဂျမူး ပြည်နယ်မှာ ဆိုရင် အိန္ဒိယအစိုးရက ထုတ်ပေးထားတဲ့ အသိအမှတ်ပြုကတ်တွေ ကိုင်ဆောင်ထားကြလို့ အစိုးရက ကိုင်တွယ်မှုတွေ အမြန်လုပ်သင့်ပြီလို့လည်း သူက နှိုးဆော်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)