မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး နုတ်ထွက်မယ်

0
299

 

လာဘ်စားမှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ ပတ်ဂွန် ဟေးရဲ့ အရင်းနှီးဆုံး မိတ်ဆွေ ချောင်ဆွန်းဆီဟာ သံအမတ်ခန့်ရာမှာ ပတ်သက်နေတယ် နေတယ်ဆိုတဲ့အချက် ထွက်ပေါ်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုးရီးယား သံအမတ်ကြီးက နုတ်ထွက်မယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

“သံအမတ်ကြီး ယူဂျယ်ကျောင်းဟာ နုတ်ထွက်မယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်၊ ဆုံးဖြတ်ချက်ဟာ ကိုယ်ရေးကိုယ်တာကြောင့် ဖြစ်ပါတယ်” လို့ အမည်မဖော်လိုသူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးက ကိုရီးယား သံတော်ဆင့်ကို ပြောပါတယ်။

ပတ်ဂွန်ဟေးရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ချောင်ဆွန်းဆီဟာ သံအမတ် ခန့်အပ်ရေးမှာ ဆက်နွှယ်မှု ရှိခဲ့တယ်ဆိုတာ ပေါ်ထွက်လာတာကြောင့် နုတ်ထွက်တာ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

အသက် ၅၈ နှစ်အရွယ် မစ္စတာ ယူဂျယ်ကျောင်းဟာ ဆမ်ဆောင် အီလက်ထရို-မက္ကဲနစ် ကုမ္ပဏီရဲ့ အကြီးတန်း အမှုဆောင်ဖြစ်ပြီး သံတမန်ရေးရာမှာ လုံးဝ အတွေ့အကြုံ မရှိတဲ့အတွက် ၂၀၁၆ ခုနှစ် မေလမှာ သူ့ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ခန့်တုန်းက ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ပတ်ဂျွန်ဟေး၊ ချောင်ဆွန်းဆီတို့နဲ့ ပတ်သက်မှုကြောင့် သံအမတ်ကြီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စုံစမ်းစစ်ဆေးခံနေခဲ့ရပြီး မြန်မာနိုင်ငံမှာ ချောင်ရဲ့ လုပ်ငန်းတွေကို ကူညီဖို့ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)