ဆမ်ဆောင်းသူဌေး လီဂျေယောင်းကို ရုံးထုတ်ပြီ

0
277

သမ္မတကို ဖယ်ရှားတဲ့အထိ ကြီးမားရှုပ်ထွေးခဲ့တဲ့ အကျင့်ပျက်ခြစားမှုထဲမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ဆမ်ဆောင်း အုပ်စုရဲ့ အကြီးအကဲကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ဗဟိုခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှု စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

လီဂျေယောင်းက လာဘ်ပေးမှုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်ရှိသူအနေနဲ့ အခွင့်အရေးပေးဖို့အတွက် မစ္စပတ်ခ်ရဲ့သူငယ်ချင်းကို ဒေါ်လာ ၃၈ သန်းပေးခဲ့တယ်လို့ လီဂျေယောင်းကို စွဲချက်တင်ထားတာဖြစ်ပါတယ်။

မစ္စချောင်ရဲ့ဖောင်ဒေးရှင်းကို ကွန်ဂလိုမားရိတ်ကြီးတွေက ပိုပြီးလှူဒါန်းမှုတွေ ပြုလုပ်လာအောင် မစ္စချောင်ဆွန်စီးလ်နဲ့အတူ မစ္စပတ်ခ်က လုပ်ဆောင် ခဲ့တယ်လို့ သံသယရှိနေတာဖြစ်ပါတယ်။

မစ္စပတ်ခ်ကို သမ္မတရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖမ်းဆီးပြီး ထိန်းသိမ်းရေးစင်တာကို ပို့ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ မစ္စပတ်ခ်ကို တရားဝင်အရေးယူမှု မစတင်ရသေးပါဘူး။

တရားရုံးမှာ မစ္စတာလီက လာဘ်ထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ဆမ်ဆောင်းရဲ့အခြားအလုပ်အမှုဆောင်လူကြီး လေးဦးကလည်း တရားရုံးမှာ ဒီစွပ်စွဲချက်နဲ့ မပတ်သတ်ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

လီဂျေယောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)