မလေးရှားနိုင်ငံမှာ သက်ငယ် လက်ထပ်ထိမ်းမြားမှုကို ဥပဒေအရ အရေးယူမှာမဟုတ်

0
279

အသက် ၉ နှစ်အရွယ်ဟာ ရုပ်ပိုင်းအရရော စိတ်ပိုင်းဆိုင်ရာအရပါ အရွယ်ရောက်ပြီ ဖြစ်တဲ့အတွက် အဲဒီအရွယ် တစ်ဝိုက်မှာ လက်ထပ်ထိမ်းမြားမယ်ဆိုရင် ဥပဒေအရ အရေးယူမှာမဟုတ်ဘူးလို့ မလေးရှားပါ လီမန်အမတ်တစ်ဦးက  ပြောဆိုလိုက်ပါတယ်။

မွတ်ဆလင်အများစု နေထိုင်တဲ့ မလေးရှားနိုင်ငံရဲ့ ပါလီမန်မှာလည်း ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေကို အရေးယူဖို့ ဥပဒေကို အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် အရွယ်မတိုင်သေးတဲ့ ကလေးငယ်တွေကို လက်ထပ်ရင်တော့ ရာဇ၀တ်မှု ကျူးလွန်သူအဖြစ် သတ်မှတ်မှာ မဟုတ်ပါဘူး။

မလေးရှားနိုင်ငံက အဲဒီ ဥပဒေ ပြဌာန်းမှုကို ဆန့်ကျင်တဲ့ အတိုက်အခံ ပါလီမန်အမတ် တချို့ဟာ အဲဒီ ဥပဒေမှာအရွယ် မတိုင်သေးတဲ့ ကလေးသူငယ်တွေကို လက်ထပ်ယူတဲ့ သူတွေကိုဥပဒေအရ ရာဇ၀တ်မှု ကျူးလွန်သူတွေအဖြ စ်သတ်မှတ်ဖို့ အဆိုတင်သွင်းခဲ့ပေမယ့် ပါလီမန် အမတ်အများစုကအဲဒီအဆို တင်သွင်းချက်ကို မထောက်ခံခဲ့ကြပါဘူး။

အသက် ၉ နှစ်နဲ့ ၁၂ နှစ်ဟာ လက်ထပ်ဖို့အတွက် ရုပ်ပိုင်းရော စိတ်ပိုင်းအရပါ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့အတွက် မိန်းကလေး တစ်ယောက်အတွက် အဲဒီအရွယ်မှာ လက်ထပ်ထိမ်းမြားဖို့အတွက် အခက်အခဲ မရှိပါဘူးလို့ မလေးရှား ပါလီမန်အမတ်တစ်ဦးဖြစ်သူ ရှာဘူဒင်ယာဟာယာ က ဆိုပါတယ်။

ရှာဘူဒင် ရဲ့အဲဒီလိုပြောဆိုချက်တွေကို လူမှုကွန်ရက်နဲ့ အခြား အတိုက်အခံ နိုင်ငံရေးသမားတွေကရှုတ်ချခဲ့ကြပြီး သူ့ကို ပါလီမန်အမတ် အဖြစ်ကနေ နှုတ်ထွက်ဖို့ပါ တောင်းဆိုခဲ့ကြပါတယ်။ ရှာဘူဒင် ကတော့ ဒါဟာ အစ္စလာမ်တွေရဲ့ ရှာရီးယားဥပဒေနဲ့ ညီတယ်လို့ပြန်လည်ပြောဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံရဲ့ နိုင်ငံဥပဒေ နဲ့ အစ္စလာမ်မစ်စည်းမျဉ်း စည်းကမ်းတွေအရ ယောက်ျားနဲ့ မိန်းကလေးတိုင်းဟာ အသက် ၁၈ နှစ်မပြည့်ခင်မှာ လက်ထပ်ထိမ်းမြားခွင့် ရှိနေပါတယ်။ မလေးရှားနိုင်ငံရဲ့ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးမှသာ လက်ထပ်ခွင့်ရှိပေမယ့် ပြည်နယ်တွေရဲ့သက်ဆိုင်ရာ ၀န်ကြီးဌာနတွေရဲက ခွင့်ပြုချက်နဲ့ ၁၆ နှစ်ကျော်ရ င်လက်ထပ်ခွင့်ရှိပါတယ်။

အစ္စလာမ်မစ်ဥပဒေ အရဆိုရင်တော့ လူတိုင်းဟာ အသက် ၁၆ နှစ် မပြည့်သေးရင်လည်း ရှာရီးယားဥပဒေအရ လက်ထပ်ခွင့်ရှိနေပါတယ်။ လက်ရှိမှာ အဲဒီဥပဒေဟာ ပြီးခဲ့တဲ့အင်္ဂါနေ့မှာပဲ ကလေးသူငယ်လက်ထပ်ထိမ်းမြားမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မပါပဲ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)