လိင်မပြောင်းရသေးတဲ့ ထိုင်းဂေးတွေ စစ်မှုထမ်းရမယ်

0
282

 

စစ်မှုမထမ်း မနေရ ဥပဒေအရ လိင်းပြောင်းလဲ ခွဲစိတ်မှု မလုပ်ရသေးတဲ့ ထိုင်းဂေးတွေဟာ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

ထိုင်းမှာ အသက် ၂၁ နှစ်ပြည့်သူတိုင်း ထိုင်းစစ်တပ်မှာ ၆ လ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်ပြီးရင် ဆက်လက် စစ်မှုထမ်းဖို့ မဲကို နှစ်စဉ် ဧပြီလမှာ နှိုက်ရပါတယ်။ မဲ အမည်းရောင် ရသူတွေက အိမ်ပြန်နိုင်ပြီး မဲ အနီရောင် ရသူတွေက စစ်တပ်မှာ နှစ်နှစ် ဆက်ပြီး တာဝန် ထမ်းဆောင်ရပါမယ်။

ဒီဥပဒေကြောင့် ဂေးအဖြစ် ပြောင်းလဲနေထိုင်ကြတဲ့ ထိုင်းတွေဟာ အိပ်မက်ဆိုးတွေ မက်နေပြီး တချို့ဆိုရင် ဒီ စစ်မှုထမ်းရမယ့် အရေးကို ရှောင်လွှဲဖွဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် စဉ်းစားနေတယ်လို့ ဂေးစတား အွန်လိုင်းသတင်းက ရေးပါတယ်။

တချို့တွေက စိတ်ဖိစီးမှုတွေ ဖြစ်တယ်၊ အဝတ်ချွတ်ရမှာ၊ ဝိုင်းကြည့်ခံရမှာ၊ လှောင်ပြောင်ခံရမှာတွေ စိုးရိမ်ကြတယ်လို့ လူ့အခွင့်အရေး ထိုင်း လိင်ပြောင်းသူများ မဟာမိတ်အဖွဲ့က အမှုဆောင် ဒါရိုက်တာ ဂျက်ဆာဒါ တေဆွမ်ဘတ်က Reuters ကို ပြောပါတယ်။

စစ်သားစုဆောင်းရေး အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး အွန်ဂတ် ဂျမ်ဒီကတော့ အမျိုးသမီးစိတ် ပေါက်နေတဲ့ ဂေးတွေကို မိန်းမတွေလို ဆက်ဆံဖို့နဲ့ လေးစားဖို့ ထိုင်းစစ်တပ်မှာ အမိန့်ပေးထားတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)