ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းတွေမှာ ဖိလစ်ပိုင်တပ်ဖွဲ့တွေ နေရာချထားဖို့ ဒူတာတေး အမိန့်ပေး

0
256

တောင်တရုတ်ပင်လယ်အတွင်းက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းတွေမှာ ဖိလစ်ပိုင်တပ်ဖွဲ့တွေနေရာချထားဖို့ သမ္မတဒူတာတေးက အမိန့်ချမှတ်လိုက်ပါတယ်။

ဖိလစ်ပိုင်တပ်ဖွဲ့တွေ နေရာချထားဖို့ သမ္မတဒူတာတေး ပြောဆိုလိုက်တဲ့ ကျွန်းတွေဟာ လူမနေတဲ့ နေရာတွေဖြစ်ပြီး တရုတ်အပါအ၀င် အရှေ့တောင်အာရှနိုင်ငံအချို့နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာတွေဖြစ်ပါတယ်။

ဘယ်သူမှမရှိတဲ့ အဲဒီနေရာတွေဟာ ဖိလစ်ပိုင်နိုင်ငံက ပိုင်ဆိုင်တာဖြစ်တာကြောင့် အဲဒီနေရာတွေမှာ သွားရောက်နေထိုင်ကြဖို့လည်း သမ္မတဒူတာတေးက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နေရာအနားက ပလာဝမ်စစ်အခြေစိုက်စခန်းကို ရောက်ရှိစဉ်က ပြောဆိုခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာရှိတဲ့ လူသူမနေတဲ့ အဲဒီကျွန်းတွေကို ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်း ၊ ဗီယက်နမ် အစရှိတဲ့နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့က ပိုင်ဆိုင်မှု အငြင်းပွားနေကြတာဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားကို ဦးတည်နေပါတယ်။

ဒူတာတေး ဟာ အောက်တိုဘာလက အမေရိကန် နဲ့ နီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေးကို အဆုံးသတ်ပြီဆိုတဲ့အကြောင်း ကြေညာခဲ့ပြီး တရုတ် နဲ့ပိုမိုနီးကပ်စွာ ဆက်ဆံပြီး တောင်တရုတ် ပင်လယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေကို ပူးပေါင်းဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။

 

လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ထဲမှာရှိတဲ့ ကျွန်း ပေါင်း၉ခုကို သိမ်းပိုက်နေရာ  ယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)