“အိန္ဒိယတောနက်ထဲမှာ မျောက်တွေနဲ့အတူနေတဲ့ကောင်မလေးတွေ့ရှိ”

0
286

နာမည်ကျော်စာရေးဆရာကြီး ရုဒ်ရက်ဒ်ကစ်ပလင်ရဲ့ The Jungle Book ပုံပြင်ထဲက စိတ်ကူးယာဉ်ဇာတ်ကောင် မော်ဂလီလိုမျိုး အပြင်လက်တွေ့ဘ၀မှာ မျောက်တွေနဲ့ အတူရှင်သန်နေထိုင်နေတဲ့ မိန်းမငယ်လေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက တွေ့ရှိကယ် ဆယ်ခဲ့ရကြောင်း သိရှိရပါတယ်။

အဆိုပါကလေးမလေးဟာ စကားမပြောနိုင်တဲ့အပြင် တိရိစ္ဆာန်တွေလို လေးဘက်သွားပါတယ်။ လက်တွေကို မသုံးတတ်ဘဲ ကြမ်းပြင်ပေါ်က အစားအစာတွေကို ပါးစပ်နဲ့လှမ်းကိုက်စားနေကြောင်း သူမကို ကုသမှုပေးနေတဲ့ဆရာဝန်တွေက ပြောပါတယ်။

ကလေးမရဲ့အသက်ဟာ ၁၀နှစ်ကနေ ၁၂နှစ်အတွင်းဖြစ်ဖွယ်ရှိပြီး တွေ့ရှိရချိန်မှာ အ၀တ်အစားမပါဘဲ တောတွင်းမှာ မျောက်တွေ နဲ့အတူ သွားလာလှုပ်ရှားနေခဲ့တာကို သစ်တောအတွင်း စိုက်ပျိုးရေးပညာရှင်သုံးက ပထမဆုံးစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ သူမကို ကယ်ဆယ်ဖို့ကြိုးစားချိန်မှာ မျောက်တွေလိုက်လို့ ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီနောက်မှာ ကင်းလှည့်လာတဲ့ ရဲ တပ်ဖွဲ့ဝင်က တွေ့ပြီး မျောက်တွေတိုက်ခိုက်နေတဲ့ကြားကနေ ကယ်တင်နိုင်ခဲ့တာပါ။ မျောက်တွေက သူမကို ဘာမှမလုပ်ပေမယ့် ကယ်ဆယ်ဖို့ ကြိုးစားတဲ့ရဲအရာရှိကိုတော့ ရန်လိုနေခဲ့ကြပါတယ်။

ကလေးမလေးကို ကယ်ဆယ်ပြီး လှည့်ကင်းကားနဲ့ ပြန်ထွက်လာချိန်မှာ မျောက်တွေက နောက်ကလိုက်လာကြပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)