“ဥရုဂွေးနိုင်ငံမှာ ဆေးခြောက်ကို ဆေးဆိုင်မှာတရားဝင်ရောင်းချခွင့်ပြု”

0
257

လာမယ့်ဇူလိုင်လက စတင်ပြီး ဥရုဂွေးနိုင်ငံက ဆေးဝါးအရောင်းဆိုင်တွေမှာ ဆေးခြောက်ကို တရားဝင်ရောင်းချခွင့်ပြုမယ့် ဥပဒေ တစ်ရပ်ကို အစိုးရက အတည်ပြုပြဌာန်းလိုက်ပါတယ်။

အဆိုပါဥပဒေပြဌာန်းချက်နဲ့ပတ်သက်ပြီး ထောက်ခံအားပေးမှုများရှိနေသလို ကန့်ကွက်ရှုံချတဲ့ ဥရုဂွေးပြည်သူများလည်းရှိနေပါ တယ်။ အပန်းဖြေတဲ့အနေနဲ့အသုံးပြုဖို့အတွက် ဆေးခြောက်ကို ဆေးဆိုင်မှာတရားဝင်ရောင်းချခွင့်ပြုတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံအ ဖြစ် ဥရုဂွေးနိုင်ငံက မှတ်တမ်းဝင်သွားခဲ့ပြီလို့ ဆိုရမှာပါ။

“ လာမယ့်ဇူလိုင်လက စပြီး ဆေးခြောက်ကို ဆေးဆိုင်တွေမှာ တရားဝင်ရောင်းချခွင့်ပြုသွားမှာပါ” လို့ ဥရုဂွေးသမ္မတဟွန်အန်းဒရီ ရိုဘာလိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါဥပဒေအရ ၀ယ်ယူမယ့်သူဟာ မှတ်ပုံတင်ရမှာဖြစ်ပြီး ဥရုဂွေးနိုင်ငံသား ဒါမှမဟုတ် PR နေထိုင်ခွင့်ရထားသူဖြစ်ရမယ်လို့ သိရှိရပါတယ်။

ရောင်းချမယ့်ဆေးခြောက်တွေဟာ အစိုးရကြီးကြပ်တဲ့စိုက်ခင်းတွေကနေ ထုတ်လုပ်တဲ့ဆေးခြောက်တွေဖြစ်ပြီး ၀ယ်ယူသုံးစွဲသူ တွေအနေနဲ့ မိမိနေအိမ်မှာ စိုက်ပျိုးခွင့်လည်း အဆိုပါဥပဒေအရ ခွင့်ပြုပေးထားပါတယ်။

အဆိုပါဥပဒေကို ကန့်ကွက်သူတွေက ဆေးခြောက်ကိုတရားဝင်ခွင့်ပြုလို့ အကျင့်စာရိတ္တပိုင်းရ ထိခိုက်မှုဖြစ်လာစေနိုင်တယ်လို့ ယူဆပြီး ကန့်ကွက်ခဲ့ကြတာမဟုတ်ဘဲ မိမိတို့ရဲ့တကိုယ်ရည်လွတ်လပ်ခွင့်ကို ထိပါးမှုလို့ ယူဆပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ကန့်ကွက်မှုပြုလုပ်တဲ့ သုံးစွဲသူတွေက ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကိုယ်အသုံးချပြီး ကိုယ်ပိုင်အခန်းမှာသုံးစွဲတာဖြစ်လို့ အစိုးရဆီမှာ မှတ်ပုံတင်ရတဲ့ကိစ္စဟာ တကိုယ်စာလွတ်လပ်မှုကို ကျုးကျော်တာပဲလို့ ပြောဆိုခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)