“ဆီးရီးယားကို အမေရိကန်စစ်ရေးအရအရေးယူမှုစတင်ပြီ”

0
256

ဆီးရီးယားသူပုန်တွေ စိုးမိုးထားတဲ့မြို့ကို ဓါတုလက်နက်နဲ့တိုက်ခိုက်ခဲ့မှုအပေါ် တုံ့ပြန်လုပ်ဆောင်မှုအနေနဲ့ အမေရိကန်နိုင်ငံက ယနေ့ ဧပြီ ၇ရက်နေ့ ဒေသစံတော်ချိန် နံနက်၎နာရီ၄၀မိနစ်မှာ ဆီးရီးယားလေတပ်အခြေစိုက်စခန်းတစ်ခုကို တိုမာဟော့ဒုံး ကျည် တိုက် ခိုက်မှုပြုလုပ်ခဲ့ပြီး သမ္မတအာဆတ်အပေါ် စစ်ရေးအရအရေးယူမှု စတင်လိုက်ပြီဖြစ်ပါတယ်။

အရှေ့မယ်ဒီတာရေးနီးယန်းပင်လယ်တွင်းရှိ စစ်သင်္ဘောကနေတဆင့် ဆီးရီးယားလေကြောင်းအခြေစိုက်စခန်းကို တိုမာဟော့ ဒုံး ကျည် ၅၉စင်းပစ်ခတ်ခဲ့တာဖြစ်ကြောင်း ပင်တာဂွန်က အတည်ပြုပြောကြားလိုက်ပါတယ်။

ရုပ်သံကနေတဆင့်ထုတ်လွှင့်တဲ့မိန့်ခွန်းမှာသမ္မတထရန့်ကဆီးရီးယားအစိုးရရဲ့ဓါတုလက်နက်နဲ့တိုက်ခိုက်မှုပြုလုပ်ဖို့အသုံးပြုခဲ့တဲ့ လေကြောင်းအခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယဉ်ကျေးတဲ့လူဘောင်အဖွဲ့အစည်းရှိတဲ့ နိုင်ငံတိုင်းအနေနဲ့ ဆီးရီးယားပဋိပက္ခအဆုံးသတ်သွားစေဖို့ ၀ိုင်းဝန်းကူညီကြပါလို့ သမ္မတ ထရန့်က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့ကဆီးရီးယားနိုင်ငံ၊ အိုင်ဒီလစ်ဘ်ပြည်နယ်အတွင်းရှိ ခမ်ရှိတ်ဟွန်မြို့ပေါ်ကိုဆီး
ရီးယားလေတပ်က အာရုံကြောထိခိုက်စေတဲ့အဆိပ်ဓါတ်ငွေ့ပါတဲ့လက်နက်သုံးပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် က လေးငယ်အများအပြားအပါအ၀င် အရပ်သားအတော်များများ သေဆုံးခဲ့ရပါတယ်။

အမေရိကန်သမ္မတထရန့်က ဆီးရီးယားသမ္မတအာဆတ်ဟာ အပြစ်မဲ့တဲ့အရပ်သားတွေကို ထိတ်လန့်တုန်လှုပ်စရာကောင်းလှတဲ့ ဓါတုလက်နက်သုံးပြီး သတ်ဖြတ်ခဲ့တဲ့ အာဏာရှင်ဖြစ်ကြောင်း ရှုတ်ချပြောဆိုလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)