ခေတ်သစ် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံ ရွက်လှေမှာ တရားမဝင် မြန်မာ့ ကျွန်းသစ်တွေ အသုံးပြုထား

0
277

ရုရှား ဘီလျံနာတစ်ဦး မှာယူတဲ့အတွက် ဂျာမန် သင်္ဘောကျင်းတစ်ခုက တည်ဆောက်ပေးခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံ ရွက်လှေကြီးမှာ မြန်မာပြည်ကနေ တရားမဝင် တင်သွင်းလာတဲ့ ကျွန်းသစ်တွေ အသုံးပြုထားပါတယ်။ ကျွန်းသစ်တွေဟာ စီးပွားရေး ပိတ်ဆို့ အရေးယူမှု မရုတ်သိမ်းခင် အစိုးရထိန်းချုပ်တဲ့ လုပ်ငန်းကနေ ဝယ်ယူခဲ့တာပါ။

ပေ ၄၇၀ ရှည်တဲ့ ရွက်လွှင့်လှေ အေ (Sailing Yacht A) ကို တည်ဆောက်ရာမှာ ဂျာမန် သင်္ဘောကျင်း နိုဘစ်ခရပ် (Nobiskrug) ဟာ တရားမဝင် ရလာတဲ့ သစ်တွေကို သုံးခဲ့ကြောင်း အစိုးရ ရှေ့နေ အက်ဇဲလ် ဘီလာ (Axel Bieler) က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ငါးနှစ်အကြာ တည်ဆောက်အပြီးမှာ ကျွန်းသစ်ကျွမ်းကျင်သူ ပညာရှင်တစ်ဦး သစ်သား နမူနာကို ယူခဲ့ပါတယ်။ သစ်သားဖွဲ့စည်းပုံနဲ့ အပွေးကွက် တည်ပုံကို ကြည့်ပြီးတော့ ဒါဟာ တမင်စိုက်ပျိုးထုတ်လုပ်တဲ့ ကျွန်းသစ် မဟုတ်ဘဲ မြန်မာ့သစ်တောက လာတာ ဖြစ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့တယ်လို့ ဘီလာက ဂျာမန်သတင်းဌာန DPA ကို ပြောပါတယ်။

သင်္ဘောကျင်းက ဒါကို သိမသိတော့ မရှင်းလင်းသေးဘူးလို့လည်း ဘီလာက ပြောပါတယ်။ ပြင်သစ် ဒီဇိုင်နာ ဖိလစ် စထရတ် (Philippe Starck) ပုံစံထုတ်တဲ့ ယူရို သန်း ၄၀၀ လောက် တန်မယ်လို့ ခန့်မှန်းထားတဲ့ ဇိမ်ခံ ရွက်လှေကြီးကို မှာယူသူက ရုရှား ဘီလျံနာ စက်မှုလုပ်ငန်းရှင် အန်ဒရေ မယ်နစ်ချင်ကို (Andrey Melnichenko) ဖြစ်ပါတယ်။

ဒါက ဒုတိယမြောက် ရွက်လှေဖြစ်ပြီး ပထမတစ်စင်းက ဒေါ်လာ သန်း ၃၀၀ တန်တဲ့ မော်တာ ရွက်လှ အေ (Motor Yacht A) ဖြစ်ပါတယ်။

စီးပွားရေး ပိတ်ဆို့ အရေးယူထားပေမယ့် မြန်မာပြည်က ကျွန်းသစ်တွေကို တရားမဝင် ရောင်းဝယ်နေကြောင်း လန်ဒန်အခြေစိုက် သဘာဝ ပတ်ဝန်းကျင် စုံစမ်းလေ့လာရေး အေဂျင်စီ (EIA) က ၂၀၁၆ အောက်တိုဘာမှာ ပထမဆုံး ထုတ်ဖော် ပြောဆိုခဲ့ရာကနေ စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်းသစ်တွေကို အဓိက ရောင်းချတာကတော့ မြန်မာ့သစ်လုပ်ငန်းက ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)