မုန်တိုင်းဒက်ဘ်ဘီ ကြောင့် နယူးဇီလန်မှာ မြို့လုံးကျွတ် ဘေးကင်းရာ ရွှေ့ပြောင်း

0
275

မုန်တိုင်းဒက်ဘ်ဘီအပြီး ပြင်းထန်တဲ့ရေကြီးမှုကြောင့် နယူးဇီလန်နိုင်ငံရဲ့မြောက်ပိုင်းကျွန်းပေါ်က အက်ဂျီကမ်ဘီမြို့တမြို့လုံးက ပြည်သူတွေ ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

နေအိမ်အလုံးပေါင်း ၆၀၀ နဲ့ လူပေါင်း ၂၀၀၀ ခန့် ရေလွှမ်းမိုးမှုဒဏ်ကို ခံရပြီး ထွန်စက်နဲ့လှေတွေကို သုံးပြီး ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက သြစတြေးလျနိုင်ငံကို ၀င်ရောက်ခဲ့တဲ့ ဆိုင်ကလုန်း ဒက်ဘ်ဘီကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ခဲ့ပြီး မြစ်ရေလျှံမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အခုလို ရာသီဥတု ပြင်းထန်မှုမျိုးက နှစ်ပေါင်း ၅၀၀ အတွင်းမှာ တစ်ကြိမ်လောက်ပဲ ဖြစ်တာပါလို့ အက်ဂျီကမ်ဘီမြို့တော်ဝန်က ပြောဆိုခဲ့ပါတယ်။ နယူးဇီလန် တောင်ပိုင်းကျွန်းကိုလည်း ပြင်းထန်တဲ့မုန်တိုင်းတွေ ကျရောက်နေပါတယ်။

အက်ဂျီကမ်ဘီမြို့မှာတော့ အချို့နေရာတွေမှာ ရေလွှမ်းမိုးမှုက ၆ပေခွဲအထိရှိနေပြီး ရဲတပ်ဖွဲ့တွေက ပြည်သူတွေ ပြန်မလာကြအောင် စောင့်ကြည့် တားဆီးနေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)