ဓာတုလက်နက် တိုက်ခိုက်မှု အပြီးမှာ ထရမ့် သဘောထား ပြောင်းလဲ

0
265

ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ သမ္မတအာဆတ်ရဲ့လေတပ်က ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့မှုနဲ့ပတ်ပြီး အမေရိကန် သမ္မတဒေါ်နယ်လ်ထရမ့်က ဆီးရီးယားနိုင်ငံနဲ့ အာဆတ်အပေါ်မှာ အမေရိကန်နိုင်ငံရဲ့သဘောထားတွေ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်က အာဆတ်အစိုးရရဲ့ အပြုအမှုဟာ လူ့အဖွဲ့အစည်းကို စော်ကားခဲ့တာဖြစ်ပြီး တကယ်လို့ ကုလသမဂ္ဂ အနေနဲ့ ဆီး ရီးယားရဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကို အရေးမယူခဲ့ဘူးဆိုရင် အမေရိကန်နိုင်ငံအနေနဲ့ အရေးယူမှုပြုလုပ်သွားမှာ ဖြစ်ကြောင်း ထရန့်က ပြောဆိုခဲ့ပါတယ်။

သမ္မတထရန့်က ဆီးရီးယားရဲ့မဟာမိတ်ဖြစ်တဲ့ ရုရှားကိုတော့ ဝေဖန်ချက်မပေးခဲ့ပါဘူး။ ဒီအဖြစ်အပျက်မှာ ဆီးရီးယားသူပုန်တွေ ရဲ့လက်ထဲက ဓာတုလက်နက်တွေ ထွက်လာတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်လို့ အာဆတ်အစိုးရရဲ့လုပ်ရပ်ကိုကာကွယ်ပြီး ရုရှားအစိုးရက ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ကုလသမဂ္ဂ သံတမန်ကတော့ ရုရှားဟာ ဒမတ်စကတ် အစိုးရကို ကာကွယ်ပေးနေကြောင်း ဗြောင်ဝေဖန် ပြောကြားခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရိဇ်တီလာဆန်ကလည်း ရုရှားနိုင်ငံအနေနဲ့ အာဆတ်အစိုးရကို ဆက်ပြီးကူ ညီပေးနေမယ်ဆိုရင် အသေအချာစဉ်းစားဖို့ ကောင်းနေပြီလို့ ပြောဆိုသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)