အိႏၵိယမွာ မဂၤလာေဆာင္ သြားတဲ့ကား တံတားေပၚ ထုိးက်၊ ၃၀ ဦးေသ

0
853

အိႏၵိယႏိုင္ငံ အေနာက္ပုိင္း ဘာဗနဂါေဒသမွာ မတ္လ ၆ ရက္ေန႔က မဂၤလာေဆာင္ပြဲသြားတဲ့ ကုန္ကားတစ္စီး တံတားတစ္စင္း ေပၚကေန ထိုးက်တိမ္းေမွာက္သြားခဲ့လို႔ လူ ၃၀ ဦး ေသဆံုးသြားခဲ့ပါတယ္။

ကနဦး စံုစမ္းစစ္ေဆးမႈေတြအရ ကားဟာ အရွိန္မထိန္းႏိုင္ျဖစ္ၿပီး ရွစ္မီတာအျမင့္ရွိ တံတားေပၚကေန ေရခမ္းေျခာက္ေနတဲ့ ေျမာင္းထဲကို ထုိးက်သြားခဲ့တာ ျဖစ္ပါတယ္။  

အဲဒီကားေပၚမွာ အနည္းဆံုး  လူ ၆၀ လိုက္လာခဲ့ၿပီး ကားေမွာက္ခ်ိန္မွာ ကားအတြင္း ပိတ္မိသူေတြကို ကယ္ဆယ္ခဲ့ၿပီး ေသဆံုး၊ ဒဏ္ရာရသူဦးေရ တုိးလာႏုိင္ဖြယ္ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယမှာ မင်္ဂလာဆောင် သွားတဲ့ကား တံတားပေါ် ထိုးကျ၊ ၃၀ ဦးသေ

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဘာဗနဂါဒေသမှာ မတ်လ ၆ ရက်နေ့က မင်္ဂလာဆောင်ပွဲသွားတဲ့ ကုန်ကားတစ်စီး တံတားတစ်စင်း ပေါ်ကနေ ထိုးကျတိမ်းမှောက်သွားခဲ့လို့ လူ ၃၀ ဦး သေဆုံးသွားခဲ့ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ကားဟာ အရှိန်မထိန်းနိုင်ဖြစ်ပြီး ရှစ်မီတာအမြင့်ရှိ တံတားပေါ်ကနေ ရေခမ်းခြောက်နေတဲ့ မြောင်းထဲကို ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီကားပေါ်မှာ အနည်းဆုံး လူ ၆၀ လိုက်လာခဲ့ပြီး ကားမှောက်ချိန်မှာ ကားအတွင်း ပိတ်မိသူတွေကို ကယ်ဆယ်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူဦးရေ တိုးလာနိုင်ဖွယ်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)