ကက္ရွ္မီးယားနယ္စပ္ေဒသမွာ အိႏၵိယ စပိုင္ဒ႐ုန္းေလယာဥ္ကို ပါကစၥတန္ပစ္ခ်

0
843

ပါကစၥတန္စစ္ဘက္က ကက္ရွ္မီးယားနယ္စပ္ေဒသရွိ ခ်ီရစ္ေကာ့ ၿမိဳ႕အနီးကို ပ်ံသန္းလာတဲ့ အိႏၵိယ ႏုိင္ငံပိုင္  စပိုင္ ဒ႐ုန္းေလယာဥ္တစ္စီးကို ပစ္ခ်ခဲ့တယ္လို႔ အတည္ျပဳ ေျပာဆုိပါတယ္။

အိႏၵိယ ဒ႐ုန္းေလယာဥ္ဟာ ပါကစၥတန္ ေလေၾကာင္းပိုင္နက္ထဲကို က်ဴးေက်ာ္ ဝင္ေရာက္လာခဲ့တာေၾကာင့္ အခုလို ပစ္ခ်ခဲ့တာလို႔ ပါကစၥတန္ဘက္က ေျပာပါတယ္။ ပါကစၥတန္ စစ္ဘက္ တာဝန္ရွိသူေတြက ပါကစၥတန္ လံုၿခံဳေရး တပ္ဖြဲ႔ေတြဟာ ဒ႐ုန္းေလယာဥ္ အပ်က္အစီး အပိုင္းအစေတြကို ရွာေဖြကာ စံုစမ္းစစ္ေဆးသြားမယ္လို႔ ေျပာပါတယ္။  

အိႏၵိယနဲ႔ ပါကစၥတန္တုိ႔ဟာ ကက္ရွ္မီးယား နယ္စပ္ေဒသ တစ္ေလွ်ာက္မွာ အျငင္းပြားမႈေတြ၊ တင္းမာမႈေတြ ရွိေနခဲ့ၿပီး ၿပီးခဲ့တဲ့လကလည္း အိႏၵိယ ထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားေဒသရွိ အိႏၵိယ စစ္စခန္းကို စစ္ေသြးၾကြေတြက ဝင္တုိက္ခိုက္ခဲ့လို႔ ေသဆံုးမႈေတြရွိခဲ့ပါတယ္။ အဲဒီစစ္ေသြးၾကြေတြဟာ ပါကစၥတန္ဘက္မွာ ခုိးေအာင္းေနသူေတြျဖစ္ၿပီး တုိက္ခိုက္မႈ ေနာက္ကြယ္မွာ ပါကစၥတန္ စစ္ဘက္က ပါဝင္ေနတယ္လို႔ အိႏၵိယက စြပ္စြဲထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကက်ရှ်မီးယားနယ်စပ်ဒေသမှာ အိန္ဒိယ စပိုင်ဒရုန်းလေယာဉ်ကို ပါကစ္စတန်ပစ်ချ

ပါကစ္စတန်စစ်ဘက်က ကက်ရှ်မီးယားနယ်စပ်ဒေသရှိ ချီရစ်ကော့ မြို့အနီးကို ပျံသန်းလာတဲ့ အိန္ဒိယ နိုင်ငံပိုင် စပိုင် ဒရုန်းလေယာဉ်တစ်စီးကို ပစ်ချခဲ့တယ်လို့ အတည်ပြု ပြောဆိုပါတယ်။

အိန္ဒိယ ဒရုန်းလေယာဉ်ဟာ ပါကစ္စတန် လေကြောင်းပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်လာခဲ့တာကြောင့် အခုလို ပစ်ချခဲ့တာလို့ ပါကစ္စတန်ဘက်က ပြောပါတယ်။ ပါကစ္စတန် စစ်ဘက် တာဝန်ရှိသူတွေက ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေဟာ ဒရုန်းလေယာဉ် အပျက်အစီး အပိုင်းအစတွေကို ရှာဖွေကာ စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယား နယ်စပ်ဒေသ တစ်လျှောက်မှာ အငြင်းပွားမှုတွေ၊ တင်းမာမှုတွေ ရှိနေခဲ့ပြီး ပြီးခဲ့တဲ့လကလည်း အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရှိ အိန္ဒိယ စစ်စခန်းကို စစ်သွေးကြွတွေက ဝင်တိုက်ခိုက်ခဲ့လို့ သေဆုံးမှုတွေရှိခဲ့ပါတယ်။ အဲဒီစစ်သွေးကြွတွေဟာ ပါကစ္စတန်ဘက်မှာ ခိုးအောင်းနေသူတွေဖြစ်ပြီး တိုက်ခိုက်မှု နောက်ကွယ်မှာ ပါကစ္စတန် စစ်ဘက်က ပါဝင်နေတယ်လို့ အိန္ဒိယက စွပ်စွဲထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)