ကိုလံဘီယာႏိုင္ငံမွာ သေဘၤာေပၚက ကိုကင္း ၅ တန္ေက်ာ္ ဖမ္းမိ

0
857

ကိုလံဘီယာႏိုင္ငံမွာ မေန႔ မတ္လ ၆ ရက္ေန႔က ဘယ္လ္ဂ်ီယံ ႏိုင္ငံကုိ ငွက္ေပ်ာသီး တင္ပို႔တဲ့ သေဘၤာေပၚမွာ ကုိကင္းမူးယစ္ေဆး ၅ ဒသမ ၂ တန္ကို ေတြ႔ရွိခဲ့ၾကပါတယ္။

မူးယစ္ေဆးေတြဟာ ကာလတန္ဖိုးအားျဖင့္ အေမရိကန္ ေဒၚလာ ၄၃၄ သန္းေလာက္ ရွိတယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ အဲ့ဒီ မူးယစ္ေဆးေတြကုိ Turbo သေဘၤာ ကြန္တိန္နာထဲမွာ ေတြ႔ရွိခဲ့ၿပီး ဆက္စပ္ေနသူေတြကုိေတာ့ မဖမ္းဆီးႏိုင္ေသးပါဘူး။

ကိုလံဘီယာႏိုင္ငံမွာ မူးယစ္စစ္ဆင္ေရးေတြ ျပဳလုပ္ေနၿပီး အေမရိကန္က အလုိရွိေနတဲ့ မူးယစ္ရာဇာ ဂိုဏ္းေခါင္းေဆာင္ အိုတုိနီယယ္ကို ဖမ္းမိဖို႔ သတင္းေပးမယ္ဆိုရင္ အေမရိကန္ေဒၚလာ ၅ သန္း ေပးမယ္လုုိ႔ မူးယစ္ႏွိမ္ႏွင္းေရး အဖြဲ႔ေခါင္းေဆာင္ ဒိုင္႐ို အန္တိုနီယို အူဆူဂါက ေျပာပါတယ္။

ကိုလံဘီယာဟာ ကမာၻ႔ႏုိင္ငံေတြထဲမွာ ကိုကင္းထုတ္လုပ္မႈ အမ်ားဆံုးရွိေနတဲ့ ႏုိင္ငံတစ္ႏုိင္ငံျဖစ္ၿပီး ႏွစ္စဥ္ႏွစ္တုိင္း တန္ခ်ိန္ ၉၁၀ နီးပါး ထြက္ရွိေနတဲ့အတြက္ တရားမဝင္ ကုန္ကူးမႈေတြ၊ လူကုန္ကူးမႈေတြကုိ တုိက္ဖ်က္ပစ္ဖို႔  ကိုလံဘီယာ အစိုးရက ညႊန္ၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုလံဘီယာနိုင်ငံမှာ သင်္ဘောပေါ်က ကိုကင်း ၅ တန်ကျော် ဖမ်းမိ

ကိုလံဘီယာနိုင်ငံမှာ မနေ့ မတ်လ ၆ ရက်နေ့က ဘယ်လ်ဂျီယံ နိုင်ငံကို ငှက်ပျောသီး တင်ပို့တဲ့ သင်္ဘောပေါ်မှာ ကိုကင်းမူးယစ်ဆေး ၅ ဒသမ ၂ တန်ကို တွေ့ရှိခဲ့ကြပါတယ်။

မူးယစ်ဆေးတွေဟာ ကာလတန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၃၄ သန်းလောက် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲ့ဒီ မူးယစ်ဆေးတွေကို Turbo သင်္ဘော ကွန်တိန်နာထဲမှာ တွေ့ရှိခဲ့ပြီး ဆက်စပ်နေသူတွေကိုတော့ မဖမ်းဆီးနိုင်သေးပါဘူး။

ကိုလံဘီယာနိုင်ငံမှာ မူးယစ်စစ်ဆင်ရေးတွေ ပြုလုပ်နေပြီး အမေရိကန်က အလိုရှိနေတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် အိုတိုနီယယ်ကို ဖမ်းမိဖို့ သတင်းပေးမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၅ သန်း ပေးမယ်လို့ မူးယစ်နှိမ်နှင်းရေး အဖွဲ့ခေါင်းဆောင် ဒိုင်ရို အန်တိုနီယို အူဆူဂါက ပြောပါတယ်။

ကိုလံဘီယာဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ ကိုကင်းထုတ်လုပ်မှု အများဆုံးရှိနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း တန်ချိန် ၉၁၀ နီးပါး ထွက်ရှိနေတဲ့အတွက် တရားမဝင် ကုန်ကူးမှုတွေ၊ လူကုန်ကူးမှုတွေကို တိုက်ဖျက်ပစ်ဖို့ ကိုလံဘီယာ အစိုးရက ညွှန်ကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)