ICC ႐ံုးမွာ သြားေရာက္ စစ္ေဆးခံစရာ အေၾကာင္းမရွိဘူးလို႔ ဖိလစ္ပိုင္ သမၼတ ေျပာ

0
851

ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက သူ႔အေနနဲ႔ ႏုိင္ငံတကာ ရာဇဝတ္ တရား႐ံုး (ICC) ကို သြားေရာက္စစ္ေဆးခံဖုိ႔ အေၾကာင္းမရွိဘူးလို႔ ေျပာဆုိလုိက္ပါတယ္။  

သမၼတ ဒူတာေတးဟာ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး စစ္ပြဲေတြေၾကာင့္  လူေထာင္ခ်ီ ေသဆံုးမႈအေပၚ မေက်နပ္တာေၾကာင့္ ICC မွာ စြဲခ်က္တင္ဖို႔ ႀကိဳးပမ္းမႈေတြ ရွိေနပါတယ္။ ICC က သမၼတ ဒူတာေတးကုိ တရားစြဲဆုိႏုိင္မႈ ရွိ၊ မရွိ ဆုိတာ ကနဦး စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနၿပီး လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ ရွိ၊ မရွိဆုိတာကို စံုစမ္းစစ္ေဆးေနဆဲ ျဖစ္ပါတယ္။

သမၼတ ဒူတာေတးကေတာ့ ႏွစ္ေပါင္း သန္းခ်ီေတာင္ သူ႔အေပၚ တရားစြဲဆုိမႈေတြ လုပ္ေဆာင္ႏုိင္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ တရားစြဲဆုိႏုိင္ေအာင္ စီစဥ္မႈေတြနဲ႔ ပတ္သက္ၿပီးလည္း တံု႔ျပန္စရာ အေၾကာင္းမရွိဘူးလို႔ သမၼတ ဒူတာေတးက ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ICC ရုံးမှာ သွားရောက် စစ်ဆေးခံစရာ အကြောင်းမရှိဘူးလို့ ဖိလစ်ပိုင် သမ္မတ ပြော

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက သူ့အနေနဲ့ နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) ကို သွားရောက်စစ်ဆေးခံဖို့ အကြောင်းမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

သမ္မတ ဒူတာတေးဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲတွေကြောင့် လူထောင်ချီ သေဆုံးမှုအပေါ် မကျေနပ်တာကြောင့် ICC မှာ စွဲချက်တင်ဖို့ ကြိုးပမ်းမှုတွေ ရှိနေပါတယ်။ ICC က သမ္မတ ဒူတာတေးကို တရားစွဲဆိုနိုင်မှု ရှိ၊ မရှိ ဆိုတာ ကနဦး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ရှိ၊ မရှိဆိုတာကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

သမ္မတ ဒူတာတေးကတော့ နှစ်ပေါင်း သန်းချီတောင် သူ့အပေါ် တရားစွဲဆိုမှုတွေ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တရားစွဲဆိုနိုင်အောင် စီစဉ်မှုတွေနဲ့ ပတ်သက်ပြီးလည်း တုံ့ပြန်စရာ အကြောင်းမရှိဘူးလို့ သမ္မတ ဒူတာတေးက ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)