
0
783




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Amazon ပိုင်ရှင် ဘီဇော့စ် ကမ္ဘာ့အချမ်းသာဆုံးအဖြစ် ထိပ်ဆုံးမှာ ရပ်တည်

Amazon ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဂျက်ဖ် ဘီဇော့စ်ဟာ ဖော့ဘ်စ် မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်တဲ့ ဘီလီယံချီ ချမ်းသာသူတွေ စာရင်းမှာ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။

ဘီဇော့စ်ဟာ အမေရိကန် ဒေါ်လာ ၁၁၂ ဘီလီယံနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကတော့ ဖော့ဘ်စ် မဂ္ဂဇင်းရဲ့ အခုနှစ်ထုတ်ပြန်ချက်မှာ အဆင့်ကျသွားခဲ့ကာ ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံနဲ့ အဆင့် ၇၆၆ နေရာမှာ ရှိနေခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်လည်း ဒေါ်လာ ၉၀ ဘီလီယံနဲ့ ဒုတိယ နေရာမှာသာ ရှိနေခဲ့ပါတယ်။ ဘီလ်ဂိတ်ဟာ ပြီးခဲ့တဲ့ ၄ နှစ်ဆက်တိုက် အတွင်း အချမ်းသာဆုံး သူတွေထဲမှာ ထိပ်ဆုံးနေရာ ရှိနေခဲ့သူ ဖြစ်ပါတယ်။

ဖေ့စ်ဘုတ် တည်ထောင်သူ မာ့ခ် ဇူကာဘတ်ကတော့ ကမ္ဘာ့ဘီလီယံချီ ချမ်းသာသူတွေထဲမှာ ထိပ်ဆုံး ၅ နေရာမှာ ရှိနေပါတယ်။ ဖော့ဘ်စ် မဂ္ဂဇင်းဟာ အခုနှစ်မှာ နိုင်ငံပေါင်း ၇၂ နိုင်ငံက ဘီလီယံချီ ချမ်းသာသူ ၂၂၀၈ ဦးကို စာရင်းပြုစုကာ အဆင့်သတ်မှတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)