အမ်ိဳးသမီးတစ္ဦး ေသဆံုးမႈေၾကာင့္ ဗီယက္နမ္ ေပါ့ပ္အဆိုေတာ္ အဖမ္းခံရ

0
870

ၾကက္သြန္ျဖဴ အမႊာေတြကို အတင္းအက်ပ္ မ်ိဳခ်ခိုင္းမႈေၾကာင့္ အမ်ိဳးသမီးတစ္ဦး ေသဆံုးသြားတဲ့အတြက္ ဗီယက္မန္ ေပါ့ပ္ အဆိုေတာ္ ခြ်ာ ဗီယက္ ေကာင္းကို ရဲက ဖမ္းဆီးလိုက္ပါတယ္။

 

ဟႏြိဳင္းၿမိဳ႕မွာ ျပဳလုပ္တဲ့ ပါတီပြဲမွာ မူးယစ္ေဆးဝါး အသက္ ၄၀ အရြယ္ ေပါ့ပ္အဆိုေတာ္က အသက္ ၂၀ အရြယ္ မိန္းကေလးကို ပေယာဂ ပူးကပ္ေနတယ္လို႔ ယံုၾကည္ေအာင္ ေျပာဆိုၿပီး မေကာင္းဆိုးဝါးကို ႏွင္ထုတ္ဖို႔ ၾကက္သြန္ျဖဴ အမႊာေတြကို အတင္းအက်ပ္ မ်ိဳခ်ခိုင္းခဲ့တာ ျဖစ္ပါတယ္။

ေပါ့ပ္အဆိုေတာ္၊ ေသဆံုးသူ အမ်ိဳးသမီး ဟုယင္နဲ႔ တျခားႏွစ္ဦးဟာ မတ္လ ၅ ရက္ေန႔က တိုက္ခန္းတစ္ခုတည္းမွာ အတူတူရွိေနၿပီး မူးယစ္ေဆးေတြ သံုးစြဲကာ စိတ္ကေယာင္ေျခာက္ျခား ထင္ေယာင္ထင္မွား ျဖစ္ခဲ့တာျဖစ္တယ္လို႔ ဗီယက္နမ္ သတင္းေတြက ေရးပါတယ္။

အမ်ိဳးသမီးရဲ႕ ေလျပြန္ထဲမွာ ၾကက္သြန္ျဖဴ ၃၃ မႊာ ေတြ႔ရွိခဲ့ၾကၿပီး အသက္႐ွဴၾကပ္ကာ ေသဆံုးခဲ့တာလို႔ ေကာက္ခ်က္ခ်ထားပါတယ္။ ေပါ့ပ္အဆိုေတာ္ကို ရဲက ဖမ္းဆီးထားေပမယ့္ လက္ရွိမွာ ဘာပုဒ္မမွ မတပ္ေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသမီးတစ်ဦး သေဆုံးမှုကြောင့် ဗီယက်နမ် ပေါ့ပ်အဆိုတော် အဖမ်းခံရ

ကြက်သွန်ဖြူ အမွှာတွေကို အတင်းအကျပ် မျိုချခိုင်းမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားတဲ့အတွက် ဗီယက်မန် ပေါ့ပ် အဆိုတော် ချွာ ဗီယက် ကောင်းကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

ဟနွိုင်းမြို့မှာ ပြုလုပ်တဲ့ ပါတီပွဲမှာ မူးယစ်ဆေးဝါး အသက် ၄၀ အရွယ် ပေါ့ပ်အဆိုတော်က အသက် ၂၀ အရွယ် မိန်းကလေးကို ပယောဂ ပူးကပ်နေတယ်လို့ ယုံကြည်အောင် ပြောဆိုပြီး မကောင်းဆိုးဝါးကို နှင်ထုတ်ဖို့ ကြက်သွန်ဖြူ အမွှာတွေကို အတင်းအကျပ် မျိုချခိုင်းခဲ့တာ ဖြစ်ပါတယ်။

ပေါ့ပ်အဆိုတော်၊ သေဆုံးသူ အမျိုးသမီး ဟုယင်နဲ့ တခြားနှစ်ဦးဟာ မတ်လ ၅ ရက်နေ့က တိုက်ခန်းတစ်ခုတည်းမှာ အတူတူရှိနေပြီး မူးယစ်ဆေးတွေ သုံးစွဲကာ စိတ်ကယောင်ခြောက်ခြား ထင်ယောင်ထင်မှား ဖြစ်ခဲ့တာဖြစ်တယ်လို့ ဗီယက်နမ် သတင်းတွေက ရေးပါတယ်။

အမျိုးသမီးရဲ့ လေပြွန်ထဲမှာ ကြက်သွန်ဖြူ ၃၃ မွှာ တွေ့ရှိခဲ့ကြပြီး အသက်ရှူကြပ်ကာ သေဆုံးခဲ့တာလို့ ကောက်ချက်ချထားပါတယ်။ ပေါ့ပ်အဆိုတော်ကို ရဲက ဖမ်းဆီးထားပေမယ့် လက်ရှိမှာ ဘာပုဒ်မမှ မတပ်သေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)