
0
874




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရီးရဲမက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒို ချန်ပီယံလိဂ်ပြိုင်ပွဲ ၉ ပွဲဆက်တိုက် ဂိုးသွင်းယူ

ရီးရဲမက်ဒရစ်အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပီအက်စ်ဂျီ အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့မှုကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ၉ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သူ ဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟာင်း နစ္စတယ်ရွိုင်းဟာ ၂၀ဝ၂-ဝ၃ ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၉ ပွဲ ဆက်တိုက် ဂိုးသွင်းယူထားနိုင်ဖူးတဲ့အတွက် တိုက်စစ်မှူး စီရော်နယ်ဒိုက နစ္စတယ်ရွိုင်း တင်ထားတဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။

စီရောနယ်ဒိုဟာ ချန်ပီယံလိဂ် ပြိုင်ပွဲနောက်ဆုံး ၁၃ ပွဲမှာ ဂိုးပေါင်း ၂၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ကစားသမား သက်တမ်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲ သွင်းဂိုးပေါင်း ၁၁၇ ဂိုး ရှိနေသူလည်း ဖြစ်ပါတယ်၊

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)