သမၼတ ေဒၚနယ္ထရမ့္ရဲ႕ ထိပ္တန္း စီးပြားေရးအႀကံေပး ရာထူးက ႏုတ္ထြက္

0
798

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ရဲ႕ စီးပြားေရးအႀကံေပး ထိပ္တန္းအရာရွိ တစ္ဦးျဖစ္သူ ဂယ္ရီ ကြန္ဟာ ရာထူးက ႏုတ္ထြက္သြားတယ္လို႔ အေမရိကန္အစိုးရ အိမ္ျဖဴေတာ္က သတင္းထုတ္ျပန္ပါတယ္။

ဂယ္ရီ ႏုတ္ထြက္မႈဟာ သမၼတ ထရမ့္ ဦးေဆာင္တဲ့ အစိုးရအဖြဲ႔အတြင္း ထိပ္တန္းအရာရွိတစ္ဦးရဲ႕ ေနာက္ထပ္ ႏုတ္ထြက္မႈ ျဖစ္ပါတယ္။ အသက္ ၅၇ ႏွစ္အရြယ္ရွိ ဂယ္ရီဟာ သမၼတ ထရမ့္ကို  အခြန္ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ရာမွာ အဓိက ကူညီပံ့ပိုးခဲ့သူ ျဖစ္ေပမယ့္ သမၼတနဲ႔ ဂယ္ရီၾကား ရင္းႏွီးတဲ့ ဆက္ဆံေရး မရွိဘူးလို႔ နီးစပ္သူေတြက ေျပာပါတယ္။

ထြက္ေပၚေနတဲ့ သတင္းေတြအရ ဂယ္ရီနဲ႔ သမၼတ ထရမ့္တုိ႔ဟာ သံမဏိ တင္သြင္းမႈနဲ႔ စည္းၾကပ္ခြန္ ကိစၥေတြမွာ အျငင္းပြားမႈေတြ ရွိခဲ့ၿပီးေနာက္ ရာထူး ႏုတ္ထြက္သြားခဲ့တာ ျဖစ္တယ္လို႔ ေဖာ္ျပၾကပါတယ္။ သမၼတ ထရမ့္ လက္ထက္မွာ လြတ္လပ္တဲ့ ကုန္သြယ္မႈအဖြဲ႔ကေန ထြက္ဖုိ႔ စီစဥ္ခဲ့ေပမယ့္ စီးပြားေရးအႀကံေပး ဂယ္ရီကေတာ့  လြတ္လပ္စြာ ကုန္သြယ္မႈကို ႏွစ္သက္သူ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထိပ်တန်း စီးပွားရေးအကြံပေး ရာထူးက နုတ်ထွက်

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ စီးပွားရေးအကြံပေး ထိပ်တန်းအရာရှိ တစ်ဦးဖြစ်သူ ဂယ်ရီ ကွန်ဟာ ရာထူးက နုတ်ထွက်သွားတယ်လို့ အမေရိကန်အစိုးရ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

ဂယ်ရီ နုတ်ထွက်မှုဟာ သမ္မတ ထရမ့် ဦးဆောင်တဲ့ အစိုးရအဖွဲ့အတွင်း ထိပ်တန်းအရာရှိတစ်ဦးရဲ့ နောက်ထပ် နုတ်ထွက်မှု ဖြစ်ပါတယ်။ အသက် ၅၇ နှစ်အရွယ်ရှိ ဂယ်ရီဟာ သမ္မတ ထရမ့်ကို အခွန်ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာ အဓိက ကူညီပံ့ပိုးခဲ့သူ ဖြစ်ပေမယ့် သမ္မတနဲ့ ဂယ်ရီကြား ရင်းနှီးတဲ့ ဆက်ဆံရေး မရှိဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဂယ်ရီနဲ့ သမ္မတ ထရမ့်တို့ဟာ သံမဏိ တင်သွင်းမှုနဲ့ စည်းကြပ်ခွန် ကိစ္စတွေမှာ အငြင်းပွားမှုတွေ ရှိခဲ့ပြီးနောက် ရာထူး နုတ်ထွက်သွားခဲ့တာ ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ သမ္မတ ထရမ့် လက်ထက်မှာ လွတ်လပ်တဲ့ ကုန်သွယ်မှုအဖွဲ့ကနေ ထွက်ဖို့ စီစဉ်ခဲ့ပေမယ့် စီးပွားရေးအကြံပေး ဂယ်ရီကတော့ လွတ်လပ်စွာ ကုန်သွယ်မှုကို နှစ်သက်သူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)