ကင္ဂ်ဳံနမ္ ေသဆံုးမႈ ေနာက္ကြယ္မွာ ေျမာက္ကိုရီးယားအစိုးရ ပါဝင္ေန

0
838

မေလးရွားႏိုင္ငံမွာ ဓာတုအဆိပ္နဲ႔ တုိက္ခိုက္ခံရမႈေၾကာင့္ ေသဆံုးသြားခဲ့တဲ့ ကင္ဂ်ံဳနမ္ အမႈမွာ ေျမာက္ကိုရီးယားအစိုးရက အမိန္႔ေပးခဲ့တာ ျဖစ္တယ္လို႔ အေမရိကန္က ေျပာလုိက္ပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ရဲ႕ အစ္ကိုဝမ္းကြဲ ကင္ဂ်ဳံနမ္ကို ၂၀၁၇ ခုႏွစ္က ကြာလာလမ္ပူ ေလဆိပ္မွာ အမ်ိဳးသမီး ႏွစ္ဦးက အာ႐ံုေၾကာ ထိခိုက္ေစတဲ့ VX ဓာတ္ေငြ႔နဲ႔ မ်က္ႏွာကို တိုက္ခုိက္ခံရၿပီးေနာက္ ေသဆံုးသြားခဲ့ပါတယ္။

တိုက္ခိုက္ခဲ့တဲ့ အမ်ိဳးသမီး ႏွစ္ဦးကို စစ္ေဆးေမးျမန္းေနဆဲ ျဖစ္ပါတယ္။ ကင္ဂ်ဳံနမ္ ေသဆံုးမႈ ေနာက္ကြယ္မွာ ေျမာက္ကိုရီးယားအစိုးရ ပါဝင္ခဲ့တယ္လို႔ အေမရိကန္က စြပ္စြဲထားေပမယ့္ ေျမာက္ကိုရီးယားကေတာ့  စြပ္စြဲခ်က္ေတြကို ျငင္းဆန္ထားပါတယ္။ လူျမင္ကြင္းမွာ ပိတ္ပင္ထားတဲ့ ဓာတုလက္နက္ သံုးကာ တုိက္ခုိက္မႈအတြက္ ေျမာက္ကိုရီးယား အေပၚ အေမရိကန္က ပိတ္ဆို႔အေရးယူမႈ ထပ္မံခ်မွတ္ဖြယ္ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ကင်ဂျုံနမ် သေဆုံးမှု နောက်ကွယ်မှာ မြောက်ကိုရီးယားအစိုးရ ပါဝင်နေ

မလေးရှားနိုင်ငံမှာ ဓာတုအဆိပ်နဲ့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့တဲ့ ကင်ဂျုံနမ် အမှုမှာ မြောက်ကိုရီးယားအစိုးရက အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အစ်ကိုဝမ်းကွဲ ကင်ဂျုံနမ်ကို ၂၀၁၇ ခုနှစ်က ကွာလာလမ်ပူ လေဆိပ်မှာ အမျိုးသမီး နှစ်ဦးက အာရုံကြော ထိခိုက်စေတဲ့ VX ဓာတ်ငွေ့နဲ့ မျက်နှာကို တိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီး နှစ်ဦးကို စစ်ဆေးမေးမြန်းနေဆဲ ဖြစ်ပါတယ်။ ကင်ဂျုံနမ် သေဆုံးမှု နောက်ကွယ်မှာ မြောက်ကိုရီးယားအစိုးရ ပါဝင်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် မြောက်ကိုရီးယားကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ လူမြင်ကွင်းမှာ ပိတ်ပင်ထားတဲ့ ဓာတုလက်နက် သုံးကာ တိုက်ခိုက်မှုအတွက် မြောက်ကိုရီးယား အပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှု ထပ်မံချမှတ်ဖွယ် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)