ဆီးရီးယားက သူပုန္ေတြကို ေဘးကင္းစြာ ထြက္ခြာႏိုင္ေအာင္ လုပ္ေပးမယ္လို႔ ႐ုရွား ကမ္းလွမ္း

0
798

ဆီးရီးယားႏိုင္ငံမွာ သူပုန္ေတြ သိမ္းပိုက္ထားတဲ့ ဂိုအူတာကေန ေဘးကင္းစြာ ထြက္ခြာႏိုင္ေအာင္ ျပဳလုပ္ေပးမယ္လို႔ ႐ုရွားက ကမ္းလွမ္းလိုက္ပါတယ္။

ပိတ္မိေနတဲ့ လက္နက္ကိုင္ေတြ အေနနဲ႔ လက္နက္ေတြနဲ႔အတူ မိသားစုကိုပါ ေခၚေဆာင္ၿပီး အေစာင့္အေရွာက္ေတြကို ျဖတ္ကာ ၿမိဳ႕တြင္းက ထြက္ခြင့္ေပးမယ္လို႔ ႐ုရွား ကာကြယ္ေရး ဝန္ႀကီးက ကမ္းလွမ္းခဲ့ေပမယ့္ သူပုန္ေတြက ပယ္ခ်ထားတယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။

ဂိုအူတာ အေရွ႕ဘက္ ဟာရက္စတာၿမိဳ႕အနီးမွာ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ေသဆံုးသူ ၈၀ နဲ႔ ဒဏ္ရာရသူ ၃၀၀ ေက်ာ္ ရွိတယ္လို႔ ၿဗိတိန္ အေျခစိုက္ ဆီးရီးယားလူ႔အခြင့္အေရး အဖြဲ႔က မတ္လ ၅ ရက္ေန႔မွာ ေျပာပါတယ္။ ဒိုအူမာၿမိဳ႕မွာလည္း အကူအညီေပးေရး ထရပ္ကား ၄၀ ေလာက္ ေရာက္လာေပးမယ္ ကူညီေထာက္ပံ့မႈေတြ မလုပ္ႏိုင္ပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယားက သူပုန်တွေကို ဘေးကင်းစွာ ထွက်ခွာနိုင်အောင် လုပ်ပေးမယ်လို့ ရုရှား ကမ်းလှမ်း

ဆီးရီးယားနိုင်ငံမှာ သူပုန်တွေ သိမ်းပိုက်ထားတဲ့ ဂိုအူတာကနေ ဘေးကင်းစွာ ထွက်ခွာနိုင်အောင် ပြုလုပ်ပေးမယ်လို့ ရုရှားက ကမ်းလှမ်းလိုက်ပါတယ်။

ပိတ်မိနေတဲ့ လက်နက်ကိုင်တွေ အနေနဲ့ လက်နက်တွေနဲ့အတူ မိသားစုကိုပါ ခေါ်ဆောင်ပြီး အစောင့်အရှောက်တွေကို ဖြတ်ကာ မြို့တွင်းက ထွက်ခွင့်ပေးမယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးက ကမ်းလှမ်းခဲ့ပေမယ့် သူပုန်တွေက ပယ်ချထားတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ဂိုအူတာ အရှေ့ဘက် ဟာရက်စတာမြို့အနီးမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၈၀ နဲ့ ဒဏ်ရာရသူ ၃၀ဝ ကျော် ရှိတယ်လို့ ဗြိတိန် အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး အဖွဲ့က မတ်လ ၅ ရက်နေ့မှာ ပြောပါတယ်။ ဒိုအူမာမြို့မှာလည်း အကူအညီပေးရေး ထရပ်ကား ၄၀ လောက် ရောက်လာပေးမယ် ကူညီထောက်ပံ့မှုတွေ မလုပ်နိုင်ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)