
0
271





>>>>>>>>>>>>>>>>>>>>>>>>>>>>

ကင်ဂျုံအန် နျူကလီယား အစီအစဉ် ဖျက်သိမ်းဖို့ ဆန္ဒရှိနေတယ်လို့ တောင်ကိုရီးယား ပြော

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ နျူကလီယားလက်နက် အစီအစဉ် ဖျက်သိမ်းဖို့ အမေရိကန်နဲ့ တွေဆုံဆွေးနွေးရေး ဆန္ဒရှိနေတယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြပါတယ်။

ကင်ဂျုံအန်ဟာ နျူကလီးယား၊ ဒုံးကျည် စမ်းသက်မှုတွေနဲ့ ရန်စမှုတွေကိုလည်း ရပ်တန့်မှာ ဖြစ်သလို ဆွေးနွေးမှုတွေ လုပ်လိုတယ်လို့ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းရဲ့ လုံခြုံရေးဆိုင်ရာ အကြံပေး ချန်အီယမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယား နိုင်ငံဆီ ၂ ရက်ကြာ အလည်ပတ်ခရီး သွားရောက်ခဲ့ပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာပါ။

မြောက်ကိုရီးယား နိုင်ငံအပေါ် ရှိနေတဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ ဖယ်ရှားပေးဖို့နဲ့ လုံခြုံရေး အာမခံချက်ပေးမယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီယား လက်နက်တွေကို ထိန်းသိမ်းထားစရာ အကြောင်းမရှိဘူးလို့ ချန်အီယမ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)