႐ုရွား ေလယာဥ္ပ်က္က်မႈ ၃၂ ဦး ေသဆံုး

0
228

႐ုရွား သယ္ယူပို႔ေဆာင္ေရး ေလယာဥ္တစ္စီးဟာ မတ္လ ၆ ရက္ေန႔က ဆီးရီးယားႏုိင္ငံအတြင္း ဆင္းသက္ဖုိ႔ ႀကိဳးပမ္းခ်ိန္မွာ ပ်က္က်ခဲ့လုိ႔ ေလယာဥ္ေပၚပါသူ ၃၂ ဦးစလံုး ေသဆံုးသြားခဲ့ပါတယ္။

အန္တိုေနာ့ဗ္-၂၆ အမ်ိဳးအစား သယ္ယူပို႔ေဆာင္ေရး ေလယာဥ္ဟာ ဆီးရီးယားႏုိင္ငံ၊ လာတာကီယာ ေဒသရွိ ႐ုရွား ခါမီအင္ ေလတပ္စခန္းမွာ ပ်က္က်ခဲ့တာျဖစ္ၿပီး ေလယာဥ္ေပၚပါသူ ခရီးသည္ ၂၆ ဦးနဲ႔  ေလယာဥ္ဝန္ထမ္း ၆ ဦး ေသဆံုးသြားခဲ့တယ္လို႔ ႐ုရွားအစိုးရပိုင္ သတင္းဌာနက ေဖာ္ျပပါတယ္။

ေလယာဥ္ဟာ နည္းစနစ္ပိုင္းဆုိင္ရာ ခ်ိဳ႕ယြင္းလို႔ ပ်က္က်ခဲ့ရတာ ျဖစ္တယ္လို႔ ကနဦး အခ်က္လက္ေတြမွာ ေဖာ္ျပထားပါတယ္။ ေလယာဥ္ဟာ ေလယာဥ္ေျပးလမ္းကေန တက္သြားၿပီး အျမင့္တစ္မုိင္ရဲ႕ သံုးပံုတစ္ပံု အေရာက္မွာ ပ်က္က်ခဲ့တာျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှား လေယာဉ်ပျက်ကျမှု ၃၂ ဦး သေဆုံး

ရုရှား သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီးဟာ မတ်လ ၆ ရက်နေ့က ဆီးရီးယားနိုင်ငံအတွင်း ဆင်းသက်ဖို့ ကြိုးပမ်းချိန်မှာ ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါသူ ၃၂ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။

အန်တိုနော့ဗ်-၂၆ အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ဆီးရီးယားနိုင်ငံ၊ လာတာကီယာ ဒေသရှိ ရုရှား ခါမီအင် လေတပ်စခန်းမှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်ပါသူ ခရီးသည် ၂၆ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၆ ဦး သေဆုံးသွားခဲ့တယ်လို့ ရုရှားအစိုးရပိုင် သတင်းဌာနက ဖော်ပြပါတယ်။

လေယာဉ်ဟာ နည်းစနစ်ပိုင်းဆိုင်ရာ ချို့ယွင်းလို့ ပျက်ကျခဲ့ရတာ ဖြစ်တယ်လို့ ကနဦး အချက်လက်တွေမှာ ဖော်ပြထားပါတယ်။ လေယာဉ်ဟာ လေယာဉ်ပြေးလမ်းကနေ တက်သွားပြီး အမြင့်တစ်မိုင်ရဲ့ သုံးပုံတစ်ပုံ အရောက်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)