အမေရိကန် အဘွားအို အသက် ၁၀၉ နှစ်ပြည့် မွေးနေ့အကြို ကျင်းပ

0
227




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် အဘွားအို အသက် ၁၀၉ နှစ်ပြည့် မွေးနေ့အကြို ကျငး်ပ

အမေရိကန် အဘွားအို ဗာဂျီးနီးယား မက်ခ်လော်ရင်းဟာ အသက် ၁၀၉ နှစ်ပြည့် မွေးနေ့အကြိုကို ဝါရှင်တန်ဒီစီရှိ ဘရိုက်ဝုဒ် စာသင်ကျောင်းမှာ ဟာလမ် ဂလိုဘက်ထရိုတားစ် ဘတ်စကတ်ဘော အသင်းနဲ့အတူ ကျင်းပပါတယ်။

သူ့ရဲ့ ၁၀၆ နှစ်ပြည့် မွေးနေ့တုန်းကလည်း သမ္မတဟောင်း ဘားရတ် အိုဘားမားနဲ့ ဇနီးဖြစ်သူတို့က အိမ်ဖြူတော်မှာ ကျင်းပပေးခဲ့ဖူးပါတယ်။ မက်ခ်လော်ရင်းရဲ့ အသက် ၁၀၉ နှစ်ပြည့် မွေးနေ့ဟာ လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။

သူက လမ်းမလျှောက်နိုင်တော့ဘဲ ဝှီးချဲလ်ပေါ် ထိုင်နေရပေမယ့် ဘတ်စကက်ဘော အသင်းနဲ့ ဘတ်စကက်ဘော အတူကစားတာ၊ ကတာတွေ ပြုလုပ်ခဲ့ပါတယ်။ မူလတန်းကျောင်းမှာရှိတဲ့ ကလေးတွေက Birthday သီချင်းကို သီဆိုပေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)