အိႏၵိယ နာမည္ေက်ာ္ မင္းသားႀကီး အီယာဖန္ ခန္း ရွားပါးေရာဂါတစ္မ်ိဳး ခံစားေနရ

0
863

အိႏၵိယ ေဘာလိဝုဒ္ ႐ုပ္ရွင္ေလာကမွာ ထင္ရွားတဲ့ မင္းသားႀကီးတစ္ဦးျဖစ္တဲ့ အီယာဖန္ ခန္းဟာ ပံုမွန္မဟုတ္တဲ့ ရွားပါးေရာဂါ တစ္မ်ိဳး ခံစားေနရတယ္လို႔ ပရိသတ္ေတြကို ထုတ္ေဖာ္ ေျပာလုိက္ပါတယ္။

ဘာေရာဂါ ျဖစ္ေနတယ္ဆိုတာ ခန္႔မွန္းတာေတြ မလုပ္ဖို႔နဲ႔ ေရာဂါ သတ္မွတ္ႏိုင္ဖို႔ စစ္ေဆးမႈေတြ ထပ္လုပ္ေနၿပီး အတိအက် သိရရင္ ေျပာပါမယ္လို႔ ပရိသတ္ကို ေျပာပါတယ္။ သူ ရွားပါး ေရာဂါတစ္မ်ိဳး ခံစားေနရေၾကာင္း ခန္းက  မတ္လ ၅ ရက္ေန႔မွာ တြစ္တာကေန ေရးသားခဲ့တာ ျဖစ္ပါတယ္။

အသက္ ၅၁ ႏွစ္အရြယ္ ခန္းဟာ ေဘာလိဝုဒ္မွာ ေအာင္ျမင္တဲ့ Piku, Maqbool, Haasil နဲ႔ Paan Singh Tomar အပါအဝင္ ဇာတ္ကား ၁၀၀ ေက်ာ္ ႐ိုက္ကူးခဲ့ပါတယ္။ နာမည္ႀကီး အဂၤလိပ္စကားေျပာ ဇာတ္ကားေတြျဖစ္တဲ့ Life Of Pi, Slumdog Millionaire နဲ႔ The Amazing Spider-Man ဇာတ္ကားေတြကိုလည္း ႐ိုက္ကူးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ နာမည်ကျော် မင်းသားကြီး အီယာဖန် ခန်း ရှားပါးရောဂါတစ်မျိုး ခံစားနေရ

အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင်လောကမှာ ထင်ရှားတဲ့ မင်းသားကြီးတစ်ဦးဖြစ်တဲ့ အီယာဖန် ခန်းဟာ ပုံမှန်မဟုတ်တဲ့ ရှားပါးရောဂါ တစ်မျိုး ခံစားနေရတယ်လို့ ပရိသတ်တွေကို ထုတ်ဖော် ပြောလိုက်ပါတယ်။

ဘာရောဂါ ဖြစ်နေတယ်ဆိုတာ ခန့်မှန်းတာတွေ မလုပ်ဖို့နဲ့ ရောဂါ သတ်မှတ်နိုင်ဖို့ စစ်ဆေးမှုတွေ ထပ်လုပ်နေပြီး အတိအကျ သိရရင် ပြောပါမယ်လို့ ပရိသတ်ကို ပြောပါတယ်။ သူ ရှားပါး ရောဂါတစ်မျိုး ခံစားနေရကြောင်း ခန်းက မတ်လ ၅ ရက်နေ့မှာ တွစ်တာကနေ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ် ခန်းဟာ ဘောလိဝုဒ်မှာ အောင်မြင်တဲ့ Piku, Maqbool, Haasil နဲ့ Paan Singh Tomar အပါအဝင် ဇာတ်ကား ၁၀ဝ ကျော် ရိုက်ကူးခဲ့ပါတယ်။ နာမည်ကြီး အင်္ဂလိပ်စကားပြော ဇာတ်ကားတွေဖြစ်တဲ့ Life Of Pi, Slumdog Millionaire နဲ့ The Amazing Spider-Man ဇာတ်ကားတွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)