မားစ်ဂြိုလ်မှာ ရေရှိခဲ့ဖူးတဲ့ သက်သေ သုတေသီတို့ တွေ့ရှိ

0
256

အနီရောင်ဂြိုလ်ကြီး တစ်လုံးဖြစ်တဲ့ မားစ်ဂြိုလ်ပေါ်မှာ တစ်ချိန်က ဟိုက်ဒရိုဂျင် ပါဝင်ဖွဲ့စည်းထားပြီး ၀ှိုက်လော့ခ်ကိုက် (whitlockite) လို့ ခေါ်တဲ့သတ္တုတစ်မျိုး ရှိခဲ့ဖူးကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကျွမ်းကျင်သူတွေက အခုတွေ့ရှိရတဲ့ အထောက်အထားကို ကြည့်ရှုလေ့လာပြီး တစ်ချိန်က မားစ်ဂြိုလ်ပေါ်မှာ ရေအရင်းအမြစ်တွေ ရှိခဲ့ဖူးသလို သက်ရှိလည်းရှိခဲ့နိုင်ကြောင်း ကောက်ချက်ချ ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ လပ်စ်ဗွီးဂတ်တက္ကသိုလ်၊နီဗားဒါးတက္ကသိုလ်နဲ့ အမေရိကန်စွမ်းအင်ဝန်ကြီးဌာန အမျိုးသားဓါတ်ခွဲခန်းတို့ ပူး ပေါင်းပြီး အဆိုပါသုတေသနကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မားစ်ဂြိုလ်ပေါ်မှာ တွေ့ရှိရတဲ့ အဆိုပါ သတ္တုအမျိုးအစားကို ကမ္ဘာပေါ်မှာ သဘာဝအတိုင်း မတွေ့ရှိရဘူးလို့လည်း သုတေသီတွေ က ဆိုထားပါတယ်။
မားစ်ဂြိုလ်ဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၄.၆ဘီလျံက စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ကမ္ဘာနဲ့အခြားဆိုလာစနစ်တစ်ခုလုံးနဲ့ တစ်ပြိုင်နက် တည်း ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။

လက်ရှိအချိန်မှာ ပညာရှင်တွေဟာ မားစ်ဂြိုလ်ပေါ်မှာ သဘာဝအတိုင်း တွေ့ရှိရတဲ့ကျောက်ခဲကို ဆက်လက်လေ့လာဖို့ စိတ်အားထက်သန်နေကြပါတယ်။ အခုသုတေသနမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဒေါက်တာကူဇ်က “ မားစ်ဂြိုလ်ရဲ့ရေသမိုင်းကြောင်းကို ပိုပြီး လေ့လာနိုင်ဖို့အတွက် ဂြိုလ်ပေါ်က ကျောက်ခဲကိုရဖို့ အင်မတန်မှ အရေးကြီးနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)