ကီလိုဂရမ် ၃၀၀ ရှိတဲ့ ဆင်စွယ်တွေ ဖမ်းဆီးရမိ

0
318

ထိုင်းနိုင်ငံလေဆိပ်တစ်ခုမှာ အလေးချိန် ကီလိုဂရမ် ၃၀၀ ရှိတဲ့ ဆင်စွယ်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီဆင်စွယ်တွေနဲ့အတူ ဂမ်ဘီယာ နိုင်ငံသားတစ်ဦးကိုလည်း မှောင်ခိုကုန်ကူးမှုနဲ့ဖမ်း ဆီးထားတယ်လို့ ထိုင်းရဲတွေက ဆိုပါတယ်။ အဲဒီဆင်စွယ်တွေကို အာဖရိကတိုက်ဖက်က တင်ပို့လိုက်တယ်လို့ ယူဆရကြောင်းလည်းရဲတွေက ပြောပါတယ်။

ဆင်စွယ်တွေကို သေတ္တာပေါင်း ၁၅ လုံးထဲမှာထည့်သွင်းထားပြီး မာလ၀ီနဲ့ အီသီယိုးပီးယားနိုင်ငံတွေက တစ်ဆင့်စီရောက်ရှိလာတာဖြစ်ပါတယ်။
အဲဒီဆင်စွယ်တွေဟာ ဒေါ်လာ ၅ သိန်း တန်ဖိုးရှိပြီး ဂမ်ဘီယာနိုငံသားတစ်ယောက်က လေဆိပ်မှာ အဲဒီဆင်စွယ်တွေကိုလာရောက်ထုတ်
ယူတဲ့အချိန်မှာ သူ့ကိုရဲတွေက ဖမ်းဆီးထားတာဖြစ်ပါတယ်။

အဲဒီဂမ်ဘီယာနိုင်ငံသားဟာ အဲဒီဆင်စွယ်တွေကို ထုတ်ယူပေးဖို့အတွက် ဒေါ်လာ ၁၇၁၀ နဲ့ ငှားရမ်းခံထားရတာဖြစ်တယ် လို့လည်း ရဲတွေကိုဝန်ခံပြောဆို ထားပါတယ်။ ဒီမှောင်ထိုမှုအတွက် တာဝန်ရှိကြောင်း ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်နဲ့ ၈၅၅ ဒေါ်လာကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)