ကလေးသူငယ်တွေကို မဖွယ်မရာရိုက်ထားတဲ့ ဓာတ်ပုံတွေ ဖယ်ရှားမပေးလို့ Facebook ဝေဖန်ခံနေရ

0
288

လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook မှာ စာတွေ၊ ပုံတွေကို ထိန်းချုပ်မှု မူဝါဒနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။

ဖယ်ရှားပေးဖို့ တောင်းဆိုထားတဲ့ မဖွယ်မရာ ဓာတ်ပုံ ၁၀၀ ကို report လုပ် တောင်းဆိုရာမှာ လူ့အဖွဲ့အစည်း စံနှုန်းကို မချိုးဖောက်ပါဘူးဆိုပြီး အလိုအလျောက် ပြန်ကြားပြီးတော့ ဖယ်ရှားမပေးတဲ့ ပုံက ၈၂ ပုံရှိတယ်လို့ ဘီဘီစီရဲ့ လေ့လာချက်တစ်ရပ်မှာ ဖော်ပြပါတယ်။

ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့ ဓာတ်ပုံတွေထဲမှာ အသက် ၁၆ နှစ်အောက် ကလေးတွေကို လိင်အမြတ်ထုတ်တဲ့ ပုံတွေ၊ စာမျက်နှာ Page တွေ၊ အသက်မပြည့်သေးသူများကို လိင် အမြတ်ထုတ် ရိုက်ကူးထားတဲ့ ဗီဒီယိုထဲက ထုတ်နုတ်ထားတဲ့ ပုံရိပ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ထိပါးမှုကြောင့် နာမည်ပျက်ရှိတဲ့ လူ ငါးယောက်ရဲ့ အကောင့်တွေကိုလည်း ဖယ်ရှားပေးဖို့ Facebook က ပျက်ကွက်ခဲ့ပါတယ်။

အင်္ဂလန်က ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစား ကော်မတီ ဥက္ကဋ္ဌ ဒါမီယန် ကောလင်းကတော့ Facebook ရဲ့ မူဟာလက်ခံနိုင်စရာ မရှိဘူး၊ Facebook ကို စောဒက တက်ရာမှာ ထိရောက်တဲ့ နည်းလမ်းက ဘယ်လိုမျိုးလဲဆိုတာ မေးစရာ ဖြစ်လာပြီလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)