အာရှ ပစိဖိတ်ဒေသမှာ လူသန်း ၉၀၀ ဟာ အစိုးရ ဝန်ထမ်းတွေကို လာဘ်ထိုးနေရ

0
310

အာရှ ပစိဖိတ်ဒေသရှိ နိုင်ငံ ၁၆ နိုင်ငံမှာ နေထိုင်တဲ့ လူပေါင်း သန်း ၉၀၀ ဒါမှမဟုတ် လေးဦးမှာ တစ်ဦးနှုန်းဟာ အစိုးရ ဝန်ဆောင်မှုတွေကို ချောချောမွေ့မွေ့ရဖို့ လာဘ်ထိုးရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

လာဘ်စားမှု တိုက်ဖျက် စောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Transparency International (TI) က ဒီဒေသအတွင်းက လူပေါင်း နှစ်သောင်းနှစ်ထောင်ဆီကနေ ကောက်ယူတဲ့ အချက်အလက်တွေအရ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

လူငါးဦးမှာ တစ်ဦးနှုန်းကသာ လာဘ်စားမှုတွေ လျော့ကျသွားတယ်လို့ ထင်ပြီး လူထက်ဝက်လောက်ကတော့ သူတို့ အစိုးရတွေဟာ လာဘ်စားမှု တိုက်ဖျက်ရေးကို ထိရောက်အောင် လုပ်နိုင်တာ မရှိဘူးလို့ ဖြေကြကြောင်း Transparency International ဥက္ကဋ္ဌ ဂျို့စ် အူဂက်ဇ်က ပြောပါတယ်။

ဆင်းရဲသား ၃၈ ရာခိုင်နှုန်းဟာ သူတို့ ဝင်ငွေထဲကနေ အစိုးရဝန်ထမ်းတွေကို အကြောင်းအမျိုးမျိုးနဲ့ လာဘ်ထိုးနေရကြောင်း၊ မစားရက် မသောက်ရက် ပေးရတာမျိုး၊ ပညာရေး အခက်အခဲ ပေါ်တာမျိုး၊ ကျန်မာရေး စရိတ် လျှော့ချရတာမျိုးတွေ ရှိနေကြောင်း ဂျို့စ် အူဂက်က ဆိုပါတယ်။

လာဘ်စားမှုအမြင့်ဆုံးကတော့ အိန္ဒိယဖြစ်ပြီး ပြည်သူ သုံးပုံမှာ နှစ်ပုံဟာ လက်ဖက်ရည်ဖိုးဆိုပြီး အစိုးရ ဝန်ထမ်းတွေကို ပေးနေရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)