လိပ်မကြီး ဗိုက်ထဲက အကြွေစေ့ ၉၁၅ စေ့ ခွဲစိတ်ဖယ်ရှား ပေးခဲ့ရ

0
301

ထိုင်းပင်လယ်ကွေ့ ကမ်းရိုးတန်းမြို့ တစ်ခုဖြစ်တဲ့ ဆရီ ရာချာက ကန်တစ်ကန်ထဲမှာနေတဲ့ အသက် ၂၅ နှစ်အရွယ် ပင်လယ်လိပ်မကြီး ဗိုက်ထဲကနေ ထိုင်းငွေအကြွေစေ့ ၉၁၅ စေ့ကို တိရစ္ဆာန် ဆရာဝန်တွေက ခွဲစိတ်ဖယ်ရှား ပေးခဲ့ရပါတယ်။

“ဘဏ်” လို့ ခေါ်တဲ့ ဒီ လိပ်မကြီး နေထိုင်ရာ ရေကန်ထဲကို အလည်အပတ် လာရောက်သူတွေက ထိုင်းငွေအကြွေစေ့တွေ ပစ်ထည့်ရင် အသက်ရှည် ကျန်းမာစေတယ်လို့ ယုံကြည်တာရဲ့ အကျိုးဆက်ကြောင့် အဲဒီလောက် များတဲ့ အကြွေစေ့တွေ ဗိုက်ထဲမှာ ရောက်နေတာ ဖြစ်ပါတယ်။

ဒီအစိမ်းရောင် ပင်လယ်လိပ်ကြီးမျိုးဟာ အသက် ၈၀ လောက်အထိ နေနိုင်ပြီး မျိုးတုံးမယ့် အန္တရာယ် ကြုံနေရတဲ့ မျိုးစိတ်ဖြစ်ပါတယ်။

ဆယ့်တစ်ပေါင်လောက် အလေးချိန် ရှိနေတဲ့ အကြွေစေ့တွေကို ချူလာလောင်ကွန်း တက္ကသိုလ်၊ တိရစ္ဆာန် ဆေးပညာ မဟာဌာနက ခွဲစိတ်ကု ဆရာဝန် ငါးဦးက လေးနာရီကြာအောင် ဘဏ်ရဲ့ ဗိုက်ထဲကနေ ခွဲစိတ်ဖယ်ရှားပေးခဲ့ရတာ ဖြစ်ပါတယ်။

တိရစ္တာန် ဆရာဝန် ဒေါက်တာ နန်တာရီကာ ချန်စူးကတော့ မရည်ရွယ်သည့်တိုင် မစဉ်းစား မဆင်ခြင်ဘဲ လုပ်တဲ့ လူတွေကို အတော်ပဲ စိတ်ဆိုးမိတယ်၊ လိပ်ကြီး ဒုက္ခရောက်သွားနိုင်ပါတယ်လို့ ပြောပါတယ်။

လိပ်ကြီး ခွဲစိတ်ရမယ့် အကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပြီးနောက် ခွဲစိတ်စရိတ် အလှူငွေ ဘတ် ၁ သောင်းခွဲ (၄၂၈ ဒေါ်လာ) ကောက်ခံရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)