ဗြိတိန် တော်ဝင် အိမ်တော်ထိန်းဟောင်း ဖြစ်သူ လိင်တူ စိတ်ဝင်စားသူ ဖြစ်နေ

0
369

ဗြိတိန်တော်ဝင်မိသားစုရဲ့အိမ်တော်ထိန်းအနေနဲ့ လုပ်ကိုင်ခဲ့သူ ပေါလ်ဘာရဲလ်ဟာ ၃၂ နှစ်ကြာ ပေါင်းသင်းခဲ့တဲ့ ဇနီးဖြစ်သူနဲ့ ကွာ ရှင်းပြတ်စဲပြီး တစ်နှစ်မပြည့်ခင်မှာဘဲ သူ့ရဲ့အချစ်တော်ရှေ့နေဖြစ်သူနဲ့ လက်ထပ်တော့မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မစ္စတာပေါလ်ဘာရဲလ်ဟာ အသက် ၅၈ နှစ်ရှိပြီဖြစ်ပြီး အင်္ဂလန်နိုင်ငံ၊ ချက်ရှိုင်းယားပြည်နယ်မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ရှေ့နေဖြစ်သူ ဂရာဟမ်ကူပါးကလည်း ပေါလ်ဘာရဲလ်နဲ့ သက်တူရွယ်တူအမျိုးသားတစ်ဦးဖြစ်ပြီး ရှေ့လအတွင်း ခမ်းခမ်း နားနား လက်ထပ်ကြမှာဖြစ်ကြောင်း သိရှိရပါတယ်။

ပေါလ်ဘာရဲလ်ဟာ ကလေးနှစ်ဦးရဲ့ ဖခင်ဖြစ်ပြီး ဇနီးဖြစ်သူရဲ့အမည်က မာရီယာလို့ခေါ်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ခန့်အချိန်က ပေါလ်ဟာ သူ့အနေနဲ့ လက်ထပ်ထိမ်းမြားမှုအသစ်ကို ကြေငြာလိုက်တာဟာ သူ့ကိုယ်သူ လိင်တူဆက်ဆံသူ ဂေး(gay) တစ် ဦး ဖြစ်ကြောင်း ပထမဆုံးအကြိမ်ထုတ်ဖော်မှုဖြစ်မယ်လို့ နားလည်ခဲ့ပါတယ်။

မစ္စတာပေါလ်ဘာရဲလ်ဘာ တော်ဝင်မင်းသမီး ဒိုင်ယာနာရဲ့အိမ်မှာ အိမ်တော်ထိန်းအဖြစ် ဆယ်စုနှစ်တစ်စု ကြာတဲ့အထိ လုပ်ကိုင်ခဲ့သူပါ။ ပေါလ်ဟာ သူ့ရဲ့လိင်ပိုင်းဆိုင်ရာ ခံစားချက်အစစ်အမှန်ကို နှစ်ပေါင်းများစွာတိုင်အောင် ဖုံးကွယ်ထားခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးကတော့ “ ဒိုင်ယာနာနဲ့က သိပ်ကိုရင်းနှီးခဲ့တာဆိုတော့ သူ ဒိုင်ယာနာကို သူဟာ ဂေးတစ်ယောက်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီအချိန်တုန်းက ဒိုင်ယာနာတစ်ဦးတည်းကိုပဲ ပြောရဲခဲ့တာပါ” လို့ ပြောပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)