ဆီးရီးယားမှာ ဗုံးပေါက်ကွဲမှုကြောင့် ရုရှား ဗိုလ်ချုပ်ကြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

0
316

ဆီးရီးယား၊ ပါလ်မိုင်ရာ မှာ IS စစ်သွေးကြွတွေကို တိုက်ခိုက်ရင်း ဗုံးပေါက်ကွဲမှုကြောင့် ရူရှားအဆင့်မြင့် အရာရှိကြီးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က စီးလာတဲ့ကားဟာ ထောင်ထားတဲ့ မိုင်းကို နင်းမိပြီး ဗိုလ်ချုပ်ကြီး ဖြိုတာ မီလ်ယူခင်ဟာ ခြေနှစ်ဖက်စလုံးနဲ့ မျက်လုံးတဖက် ဆုံးရှုံးသွားပါတယ်။ ဆီးရီးယား ပဋိပက္ခအတွင်း ပထမဆုံးအကြိမ် ရုရှားအဆင့်မြင့် အရာရှိကြီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိမှု ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မီလ်ယူခင်ဟာ ဒဏ်ရာပြင်းထန်လွန်းလို့ စိုးရိမ်စရာ အခြေအနေရှိနေပြီး စစ်ဘက်ဆိုင်ရာ ဆရာဝန်တွေက အသက်လုနေရတယ်လို့ ရုရှားသတင်း ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ကွန်မာဆန့်မှာ ဖော်ပြထားပါတယ်။ သူ့ကို မော်စကိုမြို့ ဘာဒင်ကို စစ်ဆေးရုံမှာ ကုသပေးနေတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မီလ်ယူခင်ဟာ တီယက်စ်ဒေသနေ ဟုမ်းမြို့ကို အသွား လမ်းခရီးမှာ ထောင်ထားတဲ့မိုင်းပေါ် ကားနဲ့ တက်နင်းမိတာ ဖြစ်ပါတယ်။ ကားပေါ်ပါလာတဲ့ ခြောက်ဦးအနက် လေးဦး သေဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ပါလ်မိုင်ရာမြို့ဟာ IS စစ်သွေးကြွတွေ လက်ထဲ ပြန်ရောက်သွားလို့ ဆီးရီးယားနဲ့ ရုရှားတပ်တွေ ပူးပေါင်းတိုက်ခိုက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ပြန်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)