တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေး စနစ် စတင်ပြီ

0
300

ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက မိမိတို့ရဲ့ အချုပ်အခြာ အာဏာကို ထိပါးမှုတစ်ခုလို့ ယူဆပြီး သဘောထား တင်းမာခဲ့ရတဲ့ တောင်ကိုရီယားနိုင်ငံမှာ အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်မှုကို စတင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန် စစ်တပ်က ပြောဆိုလိုက်ပါတယ်။

အဆိုပါ စနစ်ကို Terminal High-Altitude Area Defense system (Thaad) လို့ အမည်ပေးထားပြီး မြောက်ကိုရီးယားက ဒုံးကျည်တွေကို ကာကွယ်ပေးဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ပိတ်ပင်တားဆီးမှုတွေကို ချိုးဖောက်ပြီး မြောက်ကိုရီးယားက ဒုံးကျည်လေးစင်းပစ်ခတ်ခဲ့ပြီး တရက်အကြာမှာ အဆိုပါ ဒုံးကျည်ကာကွယ်ရေး စနစ်ကို တောင်ကိုရီးယားမှာ အမေရိကန်က စတင်တပ်ဆင်လိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ ၄င်းဒုံးကျည် ကာကွယ်ရေးစနစ် တပ်ဆင်မှုက မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့အပြင် ဒေသတွင်း အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ တို့မှာ အငြင်းပွားဖွယ် မကျေနပ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

အခုတပ်ဆင်လိုက်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် (Thaad) ကို စတင် လည်ပတ်ဖို့အတွက် အမေရိကန်က အစိတ်အပိုင်းတချို့ကို ဆိုးလ်မြို့တော်အနီးရှိ လေတပ်အခြေစိုက်စခန်းဆီ သယ်ဆောင်မှုပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟပ် က ဖြော်ပခဲ့ပါတယ်။
၎င်းဒုံးကျည် ကာကွယ်ရေးစနစ်ဟာ နှစ်ကုန်ပိုင်းမှာ စတင်လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်းလည်း တောင်ကိုရီး ယားအစိုးရက ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယား လူမျိုးများစွာက ဒုံးကျည်ကာကွယ်ရေး စနစ်အနီးမှာ နေထိုင်သူတွေကို မြောက်ကိုရီးယားက ပစ်မှတ်ထားလာမှာကို စိုးရိမ်နေကြတာပါ။ တရုတ်နိုင်ငံကလည်း အဆိုပါဒုံးကျည် ကာကွယ်ရေးစနစ် တပ်ဆင်မှုကြောင့် ဒေါသပေါက်ကွဲခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)