မြောက်ကိုရီးယားကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံသားများကို ထွက်ခွာခွင့်မပြု

0
328

မြောက်ကိုရီးယားကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံသားများကို နိုင်ငံတွင်းမှ ထွက်ခွာခွင့်မပြုဘဲ ဓားစာခံသဖွယ် တားမြစ်ထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကိုဝမ်းကွဲ ကင်ဂျုံနမ် ကွာလာလမ်ပူ လေဆိပ်မှာ အသတ်ခံရမှုနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားနဲ့ မလေးရှားနိုင်ငံတို့အကြား သံတမန်ရေးရာ တင်းမာမှု နောက်ဆုံး အခြေအနေ ဖြစ်ပါတယ်။

မလေးရှားကနေ နှင်ထုတ်ခံရပြီးနောက် တရုတ်နိုင်ငံ၊ ဘေဂျင်းလေဆိပ်ကို ရောက်ရှိလာတဲ့ မြောက်ကိုရီးယား သံအမတ် ကန်ချိုလ်

မြောက်ကိုရီးယား သံအမတ်ကို မလေးရှားက နှင်ထုတ်လိုက်ပြီးနောက် မြောက်ကိုရီးယားကလည်း မလေးရှားသံအမတ်ကို မတ်လ ၅ ရက်နေ့က ၄၈ နာရီအတွင်း ထွက်သွားဖို့ ပြန်လည် နှင်ထုတ်ထားပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဆိုင်ရာ မလေးရှားသံအမတ်က အဲဒီ မတိုင်ခင်ကတည်းက မလေးရှားကို ပြန်သွားနှင့်ပြီး ဖြစ်ပါတယ်။

မလေးရှားဟာ ဒီပြဿနာကို ပြေလည်စွာ ဖြေရှင်းနိုင်သည်အထိ မြောက်ကိုရီးယားကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံသားများ အားလုံး ပြန်လည်ထွက်ခွာခွင့် ယာယီ ပိတ်ထားမှာ ဖြစ်ကြောင်း မြောက်ကိုရီးယား သတင်းဌာန KCNA ကတဆင့် ကြေညာခဲ့ပါတယ်။
ကွာလာလမ်ပူရှိ မြောက်ကိုရီးယား သံရုံးထဲမှာ ပုန်းအောင်းနေတဲ့ မြောက်ကိုရီးယား နှစ်ယောက်ကို လူသတ်မှုနဲ့ ဆက်စပ်ပြီး သံသယရှိတဲ့အတွက် စစ်ဆေးမေးမြန်းလိုကြောင်း မလေးရှား ရဲချုပ်က ထုတ်ဖော် ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)