ရွေးကောက်ပွဲ ၀င်မပြိုင်နိုင်အောင် ဘယ်သူမှ မတားဆီးနိုင်ဘူးလို့ ပြင်သစ် သမ္မတလောင်း ပြော

0
244

အကျင့်ပျက်ခြစားမှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲချက်တွေ ရှိနေပေမယ့်လည်း မိမိကို ရွေးကောက်ပွဲ ၀င်မပြိုင်နိုင်အောင် ဘယ်သူမှ မတားဆီးနိုင်ဘူးလို့ ပြင်သစ်သမ္မတလောင်း ဖရန်ဆွာဖီလန်က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

“ ကျွန်တော့်ကို ရွေးကောက်ခံသမ္မတလောင်းအဖြစ်ကနေ ဒီနေ့ ဘယ်သူမှ တားဆီးပိတ်ပင်လို့ မရနိုင်ပါဘူး” လို့ မတ်လ (၅) ရက်နေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ရုပ်သံအင်တာဗျုးမှာ ဖရန်ဆွာက ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ သူဟာ ဇနီးဖြစ်သူကို အမှန်တကယ်မရှိတဲ့ အလုပ်အကိုင်ခေါင်းစဉ်နဲ့ လစာငွေတွေ ထုတ်ပေးခဲ့ပြီး ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားပြုလုပ်ခဲ့တယ်လို့ လက်ရှိ အချိန်မှာ စွပ်စွဲခံနေရပါတယ်။ အဲဒီစွပ်စွဲချက်ကြောင့် လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ဖရန်ဆွာဟာ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဖရန်ဆွာက အဆိုပါစွပ်စွဲချက်တွေဟာ သူ့အပေါ်မှာ နိုင်ငံရေးအရ အသာစီးရဖို့ လုပ်ကြံအပုတ်ချမှုတွေသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီက ရွေးကောက်ပွဲဝင်မယ့်သမ္မတလောင်းကနေ ဖရန်ဆွာကို ဖယ်ရှားဖို့ ယနေ့ညနေမှာ ပါတီခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။

မစ္စတာဖရန်ဆွာကတော့ သူ့ကို မိခင်ပါတီကနေ ဖယ်ရှားမယ်ဆိုတာကို မဖြစ်နိုင်ကြောင်း တွေ့ဆုံမေးမြန်းမှုမှာ ပြောဆိုခဲ့ပါတယ်။ တကယ်လို့ သမ္မတလောင်း ဖရန်ဆွာကို ဖယ်ရှားခဲ့ပြီဆိုရင် သူ့နေရာမှာ ၀န်ကြီးချုပ်ဟောင်း အဲလိန်းဂျုပီ အစားထိုးဝင်ရောက်မယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)