တရုတ် မွေးကင်းစ ကလေးတစ်ဦးမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရ

0
62

မွေးကင်းစ ကလေးတစ်ဦးမှာ Corona ဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်ခံရမှု တွေ့ရှိခဲ့ကြောင်း တရုတ် နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန CCTV က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီကလေးကို ဒီဗိုင်းရပ်စ်ပိုး စတင်ပြန့်ပွားတဲ့ ဟူပေးပြည်နယ်၊ ဝူဟန်မြို့မှာ ဖေဖော်ဝါရီလ ၂ နေ့က မွေးဖွားခဲ့တာပါ။ Corona ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ မိခင်က ဒီကလေးကို မွေးဖွားခဲ့ပြီးနောက် နာရီ ၃၀ အကြာမှာ ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် အဲဒီ ကလေးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။ အဲဒီကလေးမှာ ဖျားတာ၊ ချောင်းဆိုးတာလို ရောဂါလက္ခဏာ မပြပေမယ့် အသက်ရှူရာမှာ ပြဿနာတွေ ရှိနေပါတယ်။

X-ray ရိုက်ထားတဲ့ ဓာတ်ပုံအရ အဆုတ်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာကို တွေ့ရှိရပါတယ်။ ဆေးရုံက ဆရာဝန်တစ်ဦးက မိခင်ကနေ ကလေးကို ကူးစက်နိုင်တဲ့ အန္တရာယ်ရှိကြောင်း သတိပေးခဲ့ပြီး ကျွမ်းကျင်သူတွေနဲ့ ဆေးဘက်ဆိုင်ရာ အတတ်ပညာရှင်တွေ အနေနဲ့ အဲဒီလို ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေကို ထည့်သွင်းစဉ်းစားကြဖို့ တိုက်တွန်းထားပါတယ်။

တရုတျ မှေးကငျးစ ကလေးတဈဦးမှာ ဗိုငျးရပျဈ ကူးစကျခံထားရ