Diamond Princess သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်သူ ၄၁ ဦး ထပ်တွေ့

0
103

ဂျပန်နိုင်ငံ၊ ယိုကိုဟားမားဆိပ်ကမ်းမှာ သီးခြားခွဲပြီး ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီး ဇိမ်ခံသင်္ဘောပေါ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က Corona ဗိုင်းရပ်စ် ကူးစက်သူ ၄၁ ဦး ထပ်မံတွေ့ရှိတဲ့အတွက် စုစုပေါင်း ကူးစက်မှုတွေ့ရှိသူ ၆၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခုအသစ်တွေ့ရှိတဲ့ ဗိုင်းရပ်စ်ကူးစက်သူတွေကို တိုကျို၊ ဆိုင်တာမာ၊ ချီဘာ၊ ကန်နာဂါဝါနဲ့ ရှီဇူအိုကာ စီရင်စုရှိ ဆေးရုံတွေကို ပို့ဆောင်မယ်လို့ ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ သံသယကြောင့် နောက်ထပ် စမ်းသပ်စစ်ဆေးတဲ့ ၁၇၁ ဦးထဲမှာ ၄၁ ထပ်တွေ့ခဲ့တာ ဖြစ်ပါတယ်။ Diamond Pricess သင်္ဘောပေါ်မှာ သံသယကြောင့် စစ်ဆေးပြီးသူ စုစုပေါင်း ၂၇၃ ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။


Diamond Princess သငြျဘောပေါမြှာ ဗိုငြးရပဈြကူးစကသြူ ၄၁ ဦး ထပတြှေ့

ဂျပန်နိုင်ငံ၊ ယိုကိုဟားမားဆိပ်ကမ်းမှာ သီးခြားခွဲပြီး ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီး ဇိမ်ခံသင်္ဘောပေါ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က Corona ဗိုင်းရပ်စ် ကူးစက်သူ ၄၁ ဦး ထပ်မံတွေ့ရှိတဲ့အတွက် စုစုပေါင်း ကူးစက်မှုတွေ့ရှိသူ ၆၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခုအသစ်တွေ့ရှိတဲ့ ဗိုင်းရပ်စ်ကူးစက်သူတွေကို တိုကျို၊ ဆိုင်တာမာ၊ ချီဘာ၊ ကန်နာဂါဝါနဲ့ ရှီဇူအိုကာ စီရင်စုရှိ ဆေးရုံတွေကို ပို့ဆောင်မယ်လို့ ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ သံသယကြောင့် နောက်ထပ် စမ်းသပ်စစ်ဆေးတဲ့ ၁၇၁ ဦးထဲမှာ ၄၁ ထပ်တွေ့ခဲ့တာ ဖြစ်ပါတယ်။ Diamond Pricess သင်္ဘောပေါ်မှာ သံသယကြောင့် စစ်ဆေးပြီးသူ စုစုပေါင်း ၂၇၃ ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။

Corona ဗိုင်းရပ်စ် ကူးစက်သူတွေကတော့ ဂျပန်နိုင်ငံသား ၂၁ ဦး၊ အမေရိကန် ၈ ဦး၊ သြစတြေးလျ ၅ ဦး၊ ကနေဒါ ၅ ဦး၊ အာဂျင်တီးနား ၁ ဦးနဲ့ ဗြိတိသျှ ၁ ဦးတို့ ဖြစ်ပါတယ်။ Diamond Pricess အပျော်စီး ဇိမ်ခံသင်္ဘောပေါ်မှာ လူဦးရေ ၃၇၀၀ ခန့် ပါရှိခဲ့တာဖြစ်ပြီး သင်္ဘောပေါ်က ဆင်းခွင့်မပေးဘဲ ၁၄ ရက်ကြာ သီးခြားခွဲထားမယ့် အစီအစဉ်ကို မပြောင်းလဲဘူးလို့ ဂျပန် ကျန်းမာရေးဝန်ကြီး ကတ်ဆုနိုဘူ ကာတိုက ပြောပါတယ်။

  

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)