ဘရာဇီးမွာ လူသံုးမ်ားတဲ့ တံတား အစိတ္အပိုင္းတစ္ခု ၿပိဳက်

0
1015

ဘရာဇီးႏိုင္ငံ ၿမိဳ႕ေတာ္ အလယ္ပိုင္းမွာ ကြန္ကရစ္တံတားတစ္စင္းရဲ႕ အစိတ္အပိုင္းတစ္ေနရာ ၿပိဳက်မႈ မေန႔ ေဖေဖာ္၀ါ ရီ  လ ၆ ရက္ေန႔မွာ ျဖစ္ပြားခဲ့ၿပီး တံတားေအာက္မွာ ရပ္ထားတဲ့ ကားေတြနဲ႔ စားေသာက္ဆိုင္တစ္ဆိုင္ ပ်က္စီးခဲ့ပါတယ္။

ဘရက္စီလီယာမွာ ရွိတဲ့ အဲ့ဒီတံတားဟာ လူအသံုးျပဳမႈမ်ားတဲ့ တံတား တစ္စင္းျဖစ္ၿပီး လက္ရွိအခ်ိန္ အထိေတာ့ ေသဆံုးသူ၊ ထိခိုက္ဒဏ္ရာရသူ၊ ပိတ္မိသူ မရွိဘူးလို႔ မီးသတ္တပ္ဖြဲ႔က ေျပာပါတယ္။

၁၉၅၀ ဝန္းက်င္က တည္ေဆာက္တဲ့ ေခတ္သစ္ၿမိဳ႕ေတာ္နဲ႔ ဘရက္စီလီယာ ၿမိဳ႕ေဟာင္းကို ဆက္သြယ္ထားတဲ့ အေဝးေျပးလမ္းမကို ျဖတ္တဲ့ တံတားရဲ႕ တစ္ကန္႔စာ ကြန္ကရစ္ျပား တစ္ခုလံုးဟာ ေအာက္မွာရွိတဲ့ စားေသာက္ဆုိင္နဲ႔ ကားပါကင္ထားရွိရာေပၚ ၿပိဳက်ခဲ့တာ ျဖစ္ပါတယ္။

ဘရက္စီလီယာၿမိဳ႕ကို ယူနက္စကို ေရွေဟာင္း အေမြအႏွစ္အျဖစ္ စာရင္းတင္သြင္းဖို႔ ျပင္ဆင္ေနခ်ိန္မွာ ဒီၿမိဳ႕ရဲ႕ အစိတ္အပိုင္းျဖစ္တဲ့ တံတားတစ္ေနရာ ၿပိဳက်ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ဘရာဇီးမှာ လူသုံးများတဲ့ တံတား အစိတ်အပိုင်းတစ်ခု ပြိုကျ

ဘရာဇီးနိုင်ငံ မြို့တော် အလယ်ပိုင်းမှာ ကွန်ကရစ်တံတားတစ်စင်းရဲ့ အစိတ်အပိုင်းတစ်နေရာ ပြိုကျမှု မနေ့ ဖေဖော်ဝါ ရီ လ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး တံတားအောက်မှာ ရပ်ထားတဲ့ ကားတွေနဲ့ စားသောက်ဆိုင်တစ်ဆိုင် ပျက်စီးခဲ့ပါတယ်။

ဘရက်စီလီယာမှာ ရှိတဲ့ အဲ့ဒီတံတားဟာ လူအသုံးပြုမှုများတဲ့ တံတား တစ်စင်းဖြစ်ပြီး လက်ရှိအချိန် အထိတော့ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ၊ ပိတ်မိသူ မရှိဘူးလို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

၁၉၅၀ ဝန်းကျင်က တည်ဆောက်တဲ့ ခေတ်သစ်မြို့တော်နဲ့ ဘရက်စီလီယာ မြို့ဟောင်းကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကို ဖြတ်တဲ့ တံတားရဲ့ တစ်ကန့်စာ ကွန်ကရစ်ပြား တစ်ခုလုံးဟာ အောက်မှာရှိတဲ့ စားသောက်ဆိုင်နဲ့ ကားပါကင်ထားရှိရာပေါ် ပြိုကျခဲ့တာ ဖြစ်ပါတယ်။

ဘရက်စီလီယာမြို့ကို ယူနက်စကို ရှေဟောင်း အမွေအနှစ်အဖြစ် စာရင်းတင်သွင်းဖို့ ပြင်ဆင်နေချိန်မှာ ဒီမြို့ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တံတားတစ်နေရာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)