လိင္ေျပာင္းထားတဲ့ ေက်ာင္းသူကို မိန္းကေလးေက်ာင္းမွာ လက္ခံလို႔ မိဘတခ်ိဳ႕ ကန္႔ကြက္

0
1148

ၾသစေၾတးလ်ႏိုင္ငံ၊ ကြင္းစလန္ျပည္နယ္မွာ ရွိတဲ့ ခရစ္ယာန္ မိန္းကေလးေက်ာင္း တစ္ေက်ာင္းဟာ ေယာက်ာ္းေလးကေန မိန္းကေလးအျဖစ္ ေျပာင္းထားတဲ့ ေက်ာင္းသူကို ပထမဆံုးအႀကိမ္ အျဖစ္ လက္ခံလိုက္ေပမယ့္ တျခား ေက်ာင္းသူေတြရဲ႕ မိဘ တခ်ိဳ႕ကေတာ့ သေဘာမတူဘဲ ျဖစ္ေနပါတယ္။

တူဝူအမ္ဘာမွာရွိတဲ့ ဂလင္နီ ေက်ာင္းက ေက်ာင္းသူေတြရဲ႕ မိဘေတြဆီကို “ေယာက်ာ္းေလး ခႏၶာကိုယ္” နဲ႔ ေမြးဖြားလာသူ တစ္ေယာက္အား ေက်ာင္းအပ္လက္ခံမွာ ျဖစ္တဲ့အေၾကာင္း အီးေမးလ္နဲ႔ အေၾကာင္းၾကားခဲ့ပါတယ္။ လိင္ေျပာင္း ေက်ာင္းသူရဲ႕ မိဘေတြကေတာ့ သူတို႔ သမီးဟာ သူ႔ရဲ႕ ကိုယ္ပိုင္ လကၡဏာနဲ႔ မကိုက္ညီတဲ့ ခႏၶာကိုယ္နဲ႔ ေမြးဖြားခဲ့တယ္လို႔ ေျပာပါတယ္။

အျပဳသေဘာေဆာင္တဲ့ အီးေမးလ္ အေစာင္ ၈၀ ရရွိခဲ့ၿပီး တျခား တစ္ေစာင္ကေတာ့ ေဝဖန္ထားတယ္လို႔ ဂလင္နီေက်ာင္းရဲ႕ ေက်ာင္းအုပ္ဆရာမ ကင္မ္ ကိုဟင္က ေျပာပါတယ္။ လူမႈကြန္ရက္မွာေတာ့ အျပဳသေဘာ မွတ္ခ်က္ေပးသူ ရွိသလို ‘ေယာက်ာ္းေလးအျဖစ္ ေမြးဖြားလာသူဟာ အၿမဲတမ္း ေယာက်ာ္းေလးပါပဲ’ လို႔ ေရးသားသူလည္း ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

လိင်ပြောင်းထားတဲ့ ကျောင်းသူကို မိန်းကလေးကျောင်းမှာ လက်ခံလို့ မိဘတချို့ ကန့်ကွက်

သြစတြေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်မှာ ရှိတဲ့ ခရစ်ယာန် မိန်းကလေးကျောင်း တစ်ကျောင်းဟာ ယောကျာ်းလေးကနေ မိန်းကလေးအဖြစ် ပြောင်းထားတဲ့ ကျောင်းသူကို ပထမဆုံးအကြိမ် အဖြစ် လက်ခံလိုက်ပေမယ့် တခြား ကျောင်းသူတွေရဲ့ မိဘ တချို့ကတော့ သဘောမတူဘဲ ဖြစ်နေပါတယ်။

တူဝူအမ်ဘာမှာရှိတဲ့ ဂလင်နီ ကျောင်းက ကျောင်းသူတွေရဲ့ မိဘတွေဆီကို “ယောကျာ်းလေး ခန္ဓာကိုယ်” နဲ့ မွေးဖွားလာသူ တစ်ယောက်အား ကျောင်းအပ်လက်ခံမှာ ဖြစ်တဲ့အကြောင်း အီးမေးလ်နဲ့ အကြောင်းကြားခဲ့ပါတယ်။ လိင်ပြောင်း ကျောင်းသူရဲ့ မိဘတွေကတော့ သူတို့ သမီးဟာ သူ့ရဲ့ ကိုယ်ပိုင် လက္ခဏာနဲ့ မကိုက်ညီတဲ့ ခန္ဓာကိုယ်နဲ့ မွေးဖွားခဲ့တယ်လို့ ပြောပါတယ်။

အပြုသဘောဆောင်တဲ့ အီးမေးလ် အစောင် ၈၀ ရရှိခဲ့ပြီး တခြား တစ်စောင်ကတော့ ဝေဖန်ထားတယ်လို့ ဂလင်နီကျောင်းရဲ့ ကျောင်းအုပ်ဆရာမ ကင်မ် ကိုဟင်က ပြောပါတယ်။ လူမှုကွန်ရက်မှာတော့ အပြုသဘော မှတ်ချက်ပေးသူ ရှိသလို ‘ယောကျာ်းလေးအဖြစ် မွေးဖွားလာသူဟာ အမြဲတမ်း ယောကျာ်းလေးပါပဲ’ လို့ ရေးသားသူလည်း ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)