MH 370 ေပ်ာက္ဆံုးေလယာဥ္ရွာတဲ့ ေရယာဥ္ ၃ ရက္ၾကာ အဆက္အသြယ္ ျပတ္

0
420

ေပ်ာက္ဆံုးေနတဲ့ မေလးရွား MH 370 ေလယာဥ္ကို ရွာေဖြေနတဲ့ ေခတ္မီနည္းပညာသံုး ရွာေဖြေရး ေရယာဥ္ဟာ ေျခရာခံစနစ္ ပိတ္သြားၿပီး ၃ ရက္ၾကာ အဆက္အသြယ္ ျပတ္ေတာက္ ေပ်ာက္ဆံုးခဲ့ပါတယ္။

ရွာေဖြေရး လုပ္ေနတဲ့ ေရယာဥ္နဲ႔ မေန႔က ေဖေဖာ္ဝါရီ ၆ ရက္ ညကမွ အဆက္အသြယ္ျပန္ရၿပီး နာရီ ၈၀ ၾကာ အဆက္အသြယ္ ျပတ္ေတာက္ခဲ့တာ ျဖစ္ပါတယ္။ ဟူစတန္ အေျခစိုက္ Ocean Infinity ကုမၸဏီက ရွာေဖြေနတာ ျဖစ္ၿပီး ရွာေဖြရမယ့္ ေနရာသစ္ကို ဇန္နဝါရီ ၂၁ ရက္ေန႔မွာ ေရာက္ခဲ့ေပမယ့္ ဘာမွ ရွာမေတြ႔ျဖစ္ေနလို႔ ေစာင့္ၾကည့္ေနသူေတြ ဇေဝဇဝါ ျဖစ္ခဲ့ရပါတယ္။

မေလးရွားေလေၾကာင္းလုိင္း MH370 ဟာ ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္ မတ္လက ကြာလာလမ္ပူကေန ေဘက်င္းကို အသြား အိႏိၵယ သမုဒၵရာထဲမွာ ပ်က္က်သြားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ ေလယာဥ္ေပၚမွာ ခရီးသည္ ၂၃၉ ဦး ပါရွိၿပီး  ၾသစေၾတးလ်၊ တ႐ုတ္နဲ႔ မေလးရွားတို႔က ရွာေဖြမႈကို ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလမွာ အဆံုးသတ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

MH 370 ပျောက်ဆုံးလေယာဉ်ရှာတဲ့ ရေယာဉ် ၃ ရက်ကြာ အဆက်အသွယ် ပြတ်

ပျောက်ဆုံးနေတဲ့ မလေးရှား MH 370 လေယာဉ်ကို ရှာဖွေနေတဲ့ ခေတ်မီနည်းပညာသုံး ရှာဖွေရေး ရေယာဉ်ဟာ ခြေရာခံစနစ် ပိတ်သွားပြီး ၃ ရက်ကြာ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးခဲ့ပါတယ်။

ရှာဖွေရေး လုပ်နေတဲ့ ရေယာဉ်နဲ့ မနေ့က ဖေဖော်ဝါရီ ၆ ရက် ညကမှ အဆက်အသွယ်ပြန်ရပြီး နာရီ ၈၀ ကြာ အဆက်အသွယ် ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ ဟူစတန် အခြေစိုက် Ocean Infinity ကုမ္ပဏီက ရှာဖွေနေတာ ဖြစ်ပြီး ရှာဖွေရမယ့် နေရာသစ်ကို ဇန်နဝါရီ ၂၁ ရက်နေ့မှာ ရောက်ခဲ့ပေမယ့် ဘာမှ ရှာမတွေ့ဖြစ်နေလို့ စောင့်ကြည့်နေသူတွေ ဇဝေဇဝါ ဖြစ်ခဲ့ရပါတယ်။

မလေးရှားလေကြောင်းလိုင်း MH370 ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လက ကွာလာလမ်ပူကနေ ဘေကျင်းကို အသွား အိန္ဒိယ သမုဒ္ဒရာထဲမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ လေယာဉ်ပေါ်မှာ ခရီးသည် ၂၃၉ ဦး ပါရှိပြီး သြစတြေးလျ၊ တရုတ်နဲ့ မလေးရှားတို့က ရှာဖွေမှုကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ အဆုံးသတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)