
0
348




>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု စွပ်စွဲချက်ကြောင့် ကာစီနို သူဌေးကြီး စတိဗ် ဝင်း CEO ရာထူးက နုတ်ထွက်

ဝန်ထမ်းတွေ အပါအဝင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အမေရိကန်၊ လပ်စ် ဗေးဂတ်စ်က ကာစီနိုသူဌေးကြီး စတိဗ် ဝင်း ဟာ Wynn Resorts ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်သွားပါတယ်။

ဥက္ကဋ္ဌသစ် အဖြစ် မတ် မတ်ဒ်ဒေါက်ကို ခန့်အပ်လိုက်ပြီး Wynn Resorts ဘုတ်အဖွဲ့က လုပ်ငန်းစုရဲ့ ဂုဏ်သိက္ခာအရ နုတ်ထွက်ခိုင်းတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်မှာ ဝင်းဟာ လပ်စ် ဗေးဂတ်စ်ကို ဖျော်ဖြေရေး မြို့တော်ကြီး ဖြစ်အောင် ပြောင်းလဲရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မစ္စတာ ဝင်း ကိုယ်တိုင် ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ အများအမြင်မှာ အနုတ်သဘောနဲ့ တဟုန်ထိုး ကျဆင်းသွားတယ်လို့ ဝန်ခံရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)