
0
327




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြီးကျယ်တဲ့ စစ်ရေးပြ အခမ်းအနားလုပ်ဖို့ ပင်တဂွန်ကို သမ္မတ ထရမ့် အမိန့်ပေး

ဝါရှင်တန် လမ်းတွေပေါ်မှာ စစ်သည်တွေနဲ့ တင့်ကားတွေ ပါဝင်တဲ့ ကြီးကျယ်တဲ့ စစ်ရေးပြ အခမ်းအနားကြီး ကျင်ပးပရေး စီစဉ်ဖို့ ပင်တဂွန် စစ်ဌာချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အမိန့်ပေးလိုက်ပါတယ်။

သမ္မတ ထရမ့်ရဲ့ အမိန့်ပေးမှုကို စစ်မှုထမ်းဟောင်းတွေက ချက်ချင်း ဝေဖန်လိုက်ပြီး ဝါရှင်တန်ပို့စ် သတင်းစာကတော့ သမ္မတ ထရမ့်ဟာ ပြင်သစ်နိုင်ငံ အမျိုးသားနေ့ဖြစ်တဲ့ ဘတ်စတီးနေ့ လိုမျိုး ကျင်းပဖို့ လုပ်နေတာလို့ ရေးသားပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့က ပင်တဂွန်မှာ ကာကွယ်ရေး ဝန်ကြီး ဂျင်မ် မက်တစ်စ်၊ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဒန်းဖို့ဒ်တို့နဲ့ အစီအစဉ် ဆွဲခဲ့တယ်လို့ အမည်မဖော်လိုသူ စစ်အရာရှိတစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)