ကာဇက်စတန် မယ်ပြိုင်ပွဲဝင်ဖို့ ဖိုင်နယ်ရောက်လာသူ ယောက်ျား ဖြစ်ကြောင်း ဝန်ခံ

0
338


အသက် ၂၂ နှစ်အရွယ် ဒယာဂီလက်ဗ်ဟာ အလီနာ အလီယက်ဗာဆိုတဲ့ အမည်နဲ့ ပြိုင်ပွဲဝင်သူ အလှမယ် ၄ ထောင်ရဲ့ လျှောက်ထားမှုတွေကို ကျော်ဖြတ်ပြီး ပြိုင်ပွဲဝင်ဖို့ နောက်ဆုံးအဆင့်ကို ရောက်လာတဲ့အတွက် ဒိုင်တွေ အရူးဖြစ်ခဲ့ရပါတယ်။




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကာဇက်စတန် မယ်ပြိုင်ပွဲဝင်ဖို့ ဖိုင်နယ်ရောက်လာသူ ယောကျာ်း ဖြစ်ကြောင်း ဝန်ခံ

ကာဇက်စတန်မှာ မယ်ပြိုင်ပွဲဝင်မယ့်သူ တစ်ယောက်ဟာ အလှမယ် ၄ ထောင်ကို ကျော်ဖြတ်ပြီး မယ်ပြိုင်ပွဲဝင်ဖို့ ဖိုင်နယ်အဆင့်ကို ရောက်လာမှ သူဟာ မိန်းမ မဟုတ်ဘဲ ယောကျာ်း ဖြစ်ကြောင်း ဝန်ခံလိုက်လို့ အကဲဖြတ်ဒိုင်တွေ အံ့သြခဲ့ကြပါတယ်။

အသက် ၂၂ နှစ်အရွယ် ဒယာဂီလက်ဗ်ဟာ အလီနာ အလီယက်ဗာဆိုတဲ့ အမည်နဲ့ ပြိ်ုင်ပွဲဝင်သူ အလှမယ် ၄ ထောင်ရဲ့ လျှောက်ထားမှုတွေကို ကျော်ဖြတ်ပြီး ပြိုင်ပွဲဝင်ဖို့ နောက်ဆုံးအဆင့်ကို ရောက်လာတဲ့အတွက် ဒိုင်တွေ အရူးဖြစ်ခဲ့ရပါတယ်။

မော်ဒယ်ဖြစ်သူ ဒယာဂီလက်ဗ်ဟာ သူငယ်ချင်းတစ်ယောက်နဲ့ ငြင်းခုံပြီးနောက် မယ်ပြိုင်ပွဲ ဝင်လျှောက်ဖို့ ဆုံးဖြတ်တာ ဖြစ်ကြောင်း၊ သူဟာ သဘာဝအတိုင်း အလှအပ ရှိတဲ့နေရာမှာ ချန်ပီယံ ဖြစ်ကြောင်း ပြောပါတယ်။

အမျိုးသမီးငယ်တွေဟာ မိတ်ကပ်လည်း တစ်ပုံစံတည်း၊ စတိုင်လ်လည်း တစ်ပုံစံတည်း၊ အဲဒီလို လိုက်လုပ်ရင် လှပြီလို့ ထင်ကြတဲ့အတွက် သူတို့တွေက ပုံစံတစ်ထပ်တည်းတွေ ဖြစ်နေကြတယ်၊ ကျွန်တော်ကတော့ အလှအပကို အဲဒီလို မထင်ဘူးလို့လည်း သူက ပြောပါတယ်။

နောက်ဆုံးမှာ သူက အကဲဖြတ်ဒိုင်တွေကို အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ဒိုင်တွေလည်း သြအံ့မှင်သက်ကုန်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)