ေျမာက္ကိုရီးယား ေဖ်ာ္ေျဖေရးသေဘၤာ ေတာင္ကိုရီးယားကုိ ေရာက္ရွိ

0
306

ေျမာက္ကိုရီးယားႏိုင္ငံ အႏုပညာေဖ်ာ္ေျဖေရး အဖြဲ႔ဟာ ေဖေဖာ္၀ါရီလ ၆ ရက္ေန႔မွာ ေတာင္ကိုရီးယားႏိုင္ငံကို ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္း ေတာင္ကိုရီးယားျပန္လည္ ေပါင္းစည္းေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

လူေပါင္း ၁၄၀ နီးပါး ပါဝင္တဲ့ ဆမ္ဂ်ီယြန္ အႏုပညာအဖြဲ႔ဟာ ေတာင္ကိုရီးယားႏိုင္ငံ၊ ၿပံဳးခ်မ္းမွာ က်င္းပမယ့္ ေဆာင္းရာသီ အုိလံပစ္ပြဲမွာ လာေရာက္ေဖ်ာ္ေျဖဖို႔ ေရာက္ရွိေနၾကတာ ျဖစ္ပါတယ္။ သူတို႔ဟာ တန္ခ်ိန္ ၉၇၀၀ ရွိ မန္ဂြ်န္ဘြန္ အမည္ရွိ ေျမာက္ကိုရီးယား သေဘၤာနဲ႔ ကိုရီးယား အေရွ႕ပင္လယ္ နယ္စပ္ကုိ မနက္ ၁၀ နာရီဝန္းက်င္က ျဖတ္ေက်ာ္ ဝင္ေရာက္လာခဲ့ၾကတာ ျဖစ္ပါတယ္။

အဲ့ဒီသေဘၤာကို ေဖ်ာ္ေျဖေရးအဖြဲ႔အတြက္ ေရေပၚဟိုတယ္ တစ္ခုအျဖစ္လည္း အသံုးျပဳမွာျဖစ္ၿပီး အိုလံပစ္ကာလအတြင္း ေနထုိင္ၾကမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား ဖျော်ဖြေရေးသင်္ဘော တောင်ကိုရီးယားကို ရောက်ရှိ

မြောက်ကိုရီးယားနိုင်ငံ အနုပညာဖျော်ဖြေရေး အဖွဲ့ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ကြောင်း တောင်ကိုရီးယားပြန်လည် ပေါင်းစည်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လူပေါင်း ၁၄၀ နီးပါး ပါဝင်တဲ့ ဆမ်ဂျီယွန် အနုပညာအဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံ၊ ပြုံးချမ်းမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲမှာ လာရောက်ဖျော်ဖြေဖို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ သူတို့ဟာ တန်ချိန် ၉၇၀ဝ ရှိ မန်ဂျွန်ဘွန် အမည်ရှိ မြောက်ကိုရီးယား သင်္ဘောနဲ့ ကိုရီးယား အရှေ့ပင်လယ် နယ်စပ်ကို မနက် ၁၀ နာရီဝန်းကျင်က ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီသင်္ဘောကို ဖျော်ဖြေရေးအဖွဲ့အတွက် ရေပေါ်ဟိုတယ် တစ်ခုအဖြစ်လည်း အသုံးပြုမှာဖြစ်ပြီး အိုလံပစ်ကာလအတွင်း နေထိုင်ကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)