၂၀၂၀ မွာ ဂ်ပန္ သက္ႀကီးရြယ္အို ၈၀ ရာခိုင္ႏႈန္းကို စက္႐ုပ္ေတြက ေစာင့္ေရွာက္မယ္

0
335

၂၀၂၀ ျပည့္ႏွစ္မွာ ဂ်ပန္ သက္ႀကီးရြယ္အို ၈၀ ရာခိုင္ႏႈန္းကို စက္႐ုပ္ေတြက ၾကည့္႐ႈေစာင့္ေရွာက္ေပးေတာ့မွာ ျဖစ္ပါတယ္။

သက္ႀကီးရြယ္အို လူဦးေရ ျမင့္မားတဲ့ ဂ်ပန္ႏိုင္ငံမွာ စက္႐ံုေတြနဲ႔ အစားထိုး ေစာင့္ေရွာက္ေပးႏုိင္ရင္ ၂၀၂၅ ခုႏွစ္မွာ ေစာင့္ေရွာက္ေပးသူ အေရအတြက္ ၃ သိန္း ၇ ေသာင္းအထိ ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။ သူနာျပဳဦးေရ လိုအပ္ေနမႈကို နည္းပညာအစားထိုးၿပီး ျဖည့္ဆည္းႏိုင္ဖို႔ ဂ်ပန္အစိုးရက လုပ္ေဆာင္ခ်င္ေနတာ ျဖစ္ပါတယ္။

သက္ႀကီးရြယ္အိုေတြကို အိပ္ရာေပၚကေန ဝွီးခ်ဲေပၚ တင္ေပးတာ၊ ေရခ်ိဳးခန္းကို ပို႔ေပးတာ စတဲ့ ႐ိုးရွင္းတဲ့ လုပ္ေဆာင္ခ်က္ေတြ လုပ္ႏိုင္မယ့္ စက္႐ုပ္မ်ိဳးေတြ တီထြင္ဖို႔ သိပၸံပညာရွင္ေတြက အာ႐ံုစိုက္ေနၾကပါတယ္။ ျပဳစုေစာင့္ေရွာက္ရတဲ့ လုပ္ငန္းေဆာင္တာေတြကို စက္႐ုပ္ေတြ အကူအညီနဲ႔ ေလွ်ာ့ခ်ေပးႏိုင္ဖို႔ ရည္ရြယ္တယ္လို႔ အဆင့္ျမင့္ စက္မႈ သိပၸံႏွင့္ နည္းပညာ အမ်ိဳးသားသိပၸံက စက္႐ုပ္ တီထြက္ေရး သုေတသန ဒါ႐ိုက္တာ ေဒါက္တာ ဟီ႐ိုရွီစာ ဟီ႐ုကာဝါက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၂၀ မှာ ဂျပန် သက်ကြီးရွယ်အို ၈၀ ရာခိုင်နှုန်းကို စက်ရုပ်တွေက စောင့်ရှောက်မယ်

၂၀၂၀ ပြည့်နှစ်မှာ ဂျပန် သက်ကြီးရွယ်အို ၈၀ ရာခိုင်နှုန်းကို စက်ရုပ်တွေက ကြည့်ရှုစောင့်ရှောက်ပေးတော့မှာ ဖြစ်ပါတယ်။

သက်ကြီးရွယ်အို လူဦးရေ မြင့်မားတဲ့ ဂျပန်နိုင်ငံမှာ စက်ရုံတွေနဲ့ အစားထိုး စောင့်ရှောက်ပေးနိုင်ရင် ၂၀၂၅ ခုနှစ်မှာ စောင့်ရှောက်ပေးသူ အရေအတွက် ၃ သိန်း ၇ သောင်းအထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ သူနာပြုဦးရေ လိုအပ်နေမှုကို နည်းပညာအစားထိုးပြီး ဖြည့်ဆည်းနိုင်ဖို့ ဂျပန်အစိုးရက လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။

သက်ကြီးရွယ်အိုတွေကို အိပ်ရာပေါ်ကနေ ဝှီးချဲပေါ် တင်ပေးတာ၊ ရေချိုးခန်းကို ပို့ပေးတာ စတဲ့ ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်မယ့် စက်ရုပ်မျိုးတွေ တီထွင်ဖို့ သိပ္ပံပညာရှင်တွေက အာရုံစိုက်နေကြပါတယ်။ ပြုစုစောင့်ရှောက်ရတဲ့ လုပ်ငန်းဆောင်တာတွေကို စက်ရုပ်တွေ အကူအညီနဲ့ လျှော့ချပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ အဆင့်မြင့် စက်မှု သိပ္ပံနှင့် နည်းပညာ အမျိုးသားသိပ္ပံက စက်ရုပ် တီထွက်ရေး သုတေသန ဒါရိုက်တာ ဒေါက်တာ ဟီရိုရှီစာ ဟီရုကာဝါက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)