ထိုင္းလူ႔အခြင့္အေရး သတင္းစာရွင္းလင္းပြဲ ရဲသတိေပးမႈေၾကာင့္ ဖ်က္သိမ္းရ

0
335

လက္ရွိ အစိုးရရဲ႕ လူစုလူေဝး တားျမစ္မႈကို ခ်ိဳးေဖာက္ရာ ေရာက္ႏိုင္တယ္လို႔ ရဲတပ္ဖြဲ႔ရဲ႕ သတိေပးမႈေၾကာင့္ ထိုင္းလူ႔အခြင့္အေရး အဖြဲ႔ရဲ႕ သတင္းစာ ရွင္းလင္းပြဲကို ေဖေဖာ္ဝါရီ ၆ ရက္မွာ ဖ်က္သိမ္းလိုက္ရပါတယ္။

ထိုင္းအာဏာသိမ္း အစိုးရအေနနဲ႔ ဒီႏွစ္အတြင္း ေရြးေကာက္ပြဲ က်င္းပေရး ကတိတည္ေရး ေတာင္းဆိုဖို႔ ဘန္ေကာက္ရွိ ႏိုင္ငံျခား သတင္းေထာက္မ်ား ကလပ္ (FCCT) ရွိတဲ့ မနီယာ စင္တာမွာ သတင္းစားရွင္းလင္းပြဲ က်င္းပဖို႔ တက္ၾကြလႈပ္ရွားသူေတြက စီစဥ္ထားခဲ့ေပမယ့္ ရဲတပ္ဖြဲ႔က ဖ်က္သိမ္းဖို႔ သတိေပးခဲ့တာ ျဖစ္ပါတယ္။

႐ုပ္သံသတင္းေထာက္နဲ႔ တက္ၾကြလႈပ္ရွားသူ နတ္တား မဟတ္တာနာက သတင္းစာရွင္းလင္းပြဲဟာ လံုၿခံဳေရး ဥပေဒနဲ႔ တရားမဝင္စုေဝးမႈ တားျမစ္ခ်က္ကို ခ်ိဳးေဖာက္ရာ ေရာက္မွာ စိုးလို႔ ဖ်က္သိမ္းတာလို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းလူ့အခွင့်အရေး သတင်းစာရှင်းလင်းပွဲ ရဲသတိပေးမှုကြောင့် ဖျက်သိမ်းရ

လက်ရှိ အစိုးရရဲ့ လူစုလူဝေး တားမြစ်မှုကို ချိုးဖောက်ရာ ရောက်နိုင်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ သတိပေးမှုကြောင့် ထိုင်းလူ့အခွင့်အရေး အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၆ ရက်မှာ ဖျက်သိမ်းလိုက်ရပါတယ်။

ထိုင်းအာဏာသိမ်း အစိုးရအနေနဲ့ ဒီနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရေး ကတိတည်ရေး တောင်းဆိုဖို့ ဘန်ကောက်ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) ရှိတဲ့ မနီယာ စင်တာမှာ သတင်းစားရှင်းလင်းပွဲ ကျင်းပဖို့ တက်ကြွလှုပ်ရှားသူတွေက စီစဉ်ထားခဲ့ပေမယ့် ရဲတပ်ဖွဲ့က ဖျက်သိမ်းဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်နဲ့ တက်ကြွလှုပ်ရှားသူ နတ်တား မဟတ်တာနာက သတင်းစာရှင်းလင်းပွဲဟာ လုံခြုံရေး ဥပဒေနဲ့ တရားမဝင်စုဝေးမှု တားမြစ်ချက်ကို ချိုးဖောက်ရာ ရောက်မှာ စိုးလို့ ဖျက်သိမ်းတာလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)