ထိုင္ဝမ္မွာ ျပင္းအား ၆ ဒသမ ၄ ရွိ ငလ်င္လႈပ္၊ လူ ၁၄၀ ေပ်ာက္ေန

0
1016

ထိုင္ဝမ္ႏိုင္ငံ အေရွ႕ဘက္ကမ္း႐ိုးတမ္းအနီးမွာ ျပင္းအား ၆ ဒသမ ၄ မဂၢနီက်ဳရွိ ငလ်င္တစ္ခု မေန႔ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ည သန္းေခါင္ယံအခ်ိန္မွာ လႈပ္ခတ္ခဲ့လို႔ အေဆာက္အဦးႀကီးေတြ ၿပိဳက်ပ်က္စီးခဲ့ၿပီး   ေပ်ာက္ဆံုးသူကေတာ့ ေလာေလာဆယ္ ၁၄၀ ေက်ာ္ရွိေနပါတယ္။

အေဆာက္အဦး တစ္ခုမွာ လူ ၅ ဦး ပိတ္မိေနၿပီး ကယ္ဆယ္ေရး အဖြဲ႔ေတြလည္း ႀကိဳးစား ကယ္ဆယ္ေနၾကပါတယ္။ လက္ရွိအခ်ိန္အထိ ေသဆံုးသူ ၄ ဦးရွိၿပီး တစ္ခ်ိဳ႕အေဆာက္အဦးေတြကေတာ့ တိမ္းေစာင္းသြားကာ အဲ့ဒီအထဲမွာ စစ္ေဆး႐ံုတစ္ခုလည္း ပါဝင္ပါတယ္။ ငလ်င္ဒဏ္ေၾကာင့္ ထိခုိက္ဒဏ္ရာ ရရွိသူ ၂၂၅ ဦးရွိၿပီး ၂ ဒါဇင္ေက်ာ္ကေတာ့ ဒဏ္ရာျပင္းထန္တဲ့ အေျခအေနမွာ ရွိေနတယ္လုိ႔ ထိုင္ဝမ္သတင္းေတြက ေဖာ္ျပပါတယ္။

လမ္းမေတြလည္း ပ်က္စီးကာ ေနအိမ္ေထာင္ေပါင္းမ်ားစြာဟာ လ်ပ္စစ္မီးျပတ္ေတာက္ေနၿပီး ေသာက္သံုးေရရရွိဖုိ႔လည္း လုိေနၾကပါတယ္။ ငလ်င္လႈပ္ခတ္တဲ့ေဒသကို ထုိင္ဝမ္သမၼတကိုယ္တုိင္ လာေရာက္ၿပီး အတြင္းပိုငး္မွာ ပိတ္မိေနသူေတြကို ဦးစားေပးကယ္ဆယ္ၾကဖို႔ ေျပာဆိုခဲ့ပါတယ္။

၁၉၉၉ ခုႏွစ္တုန္းက ထုိင္ဝမ္မွာ ျပင္းအား ၇ ဒသမ ၆ ရွိ ငလ်င္ေၾကာင့္ ေသဆံုးသူ ၂၃၀၀ ေက်ာ္ ရွိခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ အေစာပိုင္းကလည္း ထုိင္ဝမ္ေတာင္ပုိင္းမွာ လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ ေသဆံုးသူ ၁၁၅ ဦး ရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်ဝမ်မှာ ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်လှုပ်၊ လူ ၁၄၀ ပျောက်နေ

ထိုင်ဝမ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတမ်းအနီးမှာ ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျုရှိ ငလျင်တစ်ခု မနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ည သန်းခေါင်ယံအချိန်မှာ လှုပ်ခတ်ခဲ့လို့ အဆောက်အဦးကြီးတွေ ပြိုကျပျက်စီးခဲ့ပြီး ပျောက်ဆုံးသူကတော့ လောလောဆယ် ၁၄၀ ကျော်ရှိနေပါတယ်။

အဆောက်အဦး တစ်ခုမှာ လူ ၅ ဦး ပိတ်မိနေပြီး ကယ်ဆယ်ရေး အဖွဲ့တွေလည်း ကြိုးစား ကယ်ဆယ်နေကြပါတယ်။ လက်ရှိအချိန်အထိ သေဆုံးသူ ၄ ဦးရှိပြီး တစ်ချို့အဆောက်အဦးတွေကတော့ တိမ်းစောင်းသွားကာ အဲ့ဒီအထဲမှာ စစ်ဆေးရုံတစ်ခုလည်း ပါဝင်ပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂၂၅ ဦးရှိပြီး ၂ ဒါဇင်ကျော်ကတော့ ဒဏ်ရာပြင်းထန်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ထိုင်ဝမ်သတင်းတွေက ဖော်ပြပါတယ်။

လမ်းမတွေလည်း ပျက်စီးကာ နေအိမ်ထောင်ပေါင်းများစွာဟာ လျပ်စစ်မီးပြတ်တောက်နေပြီး သောက်သုံးရေရရှိဖို့လည်း လိုနေကြပါတယ်။ ငလျင်လှုပ်ခတ်တဲ့ဒေသကို ထိုင်ဝမ်သမ္မတကိုယ်တိုင် လာရောက်ပြီး အတွင်းပိုငး်မှာ ပိတ်မိနေသူတွေကို ဦးစားပေးကယ်ဆယ်ကြဖို့ ပြောဆိုခဲ့ပါတယ်။

၁၉၉၉ ခုနှစ်တုန်းက ထိုင်ဝမ်မှာ ပြင်းအား ၇ ဒသမ ၆ ရှိ ငလျင်ကြောင့် သေဆုံးသူ ၂၃၀ဝ ကျော် ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ် အစောပိုင်းကလည်း ထိုင်ဝမ်တောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၁၅ ဦး ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)