တားျမစ္ေဆး သံုးစြဲမႈ စြပ္စြဲခ်က္က ပယ္ဖ်က္ေပးခံရတဲ့ ႐ုရွားေဟာ္ကီသမားေတြ အိုလံပစ္ပြဲကို ေရာက္ရွိ

0
998

တားျမစ္ေဆး သံုးစြဲတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ၿပိဳင္ပြဲဝင္ခြင့္ ပိတ္ခံရၿပီးေနာက္ ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ ပယ္ဖ်က္ေပးခံရတဲ့ ႐ုရွား ေဟာ္ကီ ကစားသမားေတြဟာ ေမာ္စကိုကေန ေတာင္ကိုရီးယားကို  ေရာက္ရွိေနၿပီျဖစ္ပါတယ္။

ႏိုင္ငံတကာ အိုလံပစ္ေကာ္မတီက စံုစမ္းစစ္ေဆးၿပီး ယွဥ္ၿပိဳင္ခြင့္ ျပန္ေပးခဲ့တဲ့အတြက္ ေတာင္ကိုရီးယားႏိုင္ငံ၊ ၿပံဳခ်မ္းမွာ က်င္းပမယ့္ ေဆာင္းရာသီ အိုလံပစ္ ၿပိဳင္ပြဲဝင္ဖို႔ ေမာ္စကို ေလဆိပ္ကေန အိုလံပစ္အလံေတြ ကိုင္ေဆာင္ၿပီး  မေန႔ ေဖေဖာ္ဝါရီ ၆ ရက္က ထြက္ခြာလာခဲ့ၾကတာျဖစ္ပါတယ္။  

႐ုရွားႏိုင္ငံ၊ ေရခဲျပင္ေဟာ္ကီ အားကစားအသင္းေတြ ျဖစ္ၾကတဲ့ ကာဗာေခ်ယက္နဲ႔ ဒတ္ဆူယက္တို႔ ၿပံဳးခ်မ္းမွာ ယွဥ္ၿပိဳင္မဲ့ပြဲဟာ ၅ ႀကိမ္ေျမာက္ အိုလံပစ္ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တားမြစ်ဆေး သုံးစွဲမှု စွပ်စွဲချက်က ပယ်ဖျက်ပေးခံရတဲ့ ရုရှားဟော်ကီသမားတွေ အိုလံပစ်ပွဲကို ရောက်ရှိ

တားမြစ်ဆေး သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြိုင်ပွဲဝင်ခွင့် ပိတ်ခံရပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပယ်ဖျက်ပေးခံရတဲ့ ရုရှား ဟော်ကီ ကစားသမားတွေဟာ မော်စကိုကနေ တောင်ကိုရီးယားကို ရောက်ရှိနေပြီဖြစ်ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီက စုံစမ်းစစ်ဆေးပြီး ယှဉ်ပြိုင်ခွင့် ပြန်ပေးခဲ့တဲ့အတွက် တောင်ကိုရီးယားနိုင်ငံ၊ ပြုံချမ်းမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲဝင်ဖို့ မော်စကို လေဆိပ်ကနေ အိုလံပစ်အလံတွေ ကိုင်ဆောင်ပြီး မနေ့ ဖေဖော်ဝါရီ ၆ ရက်က ထွက်ခွာလာခဲ့ကြတာဖြစ်ပါတယ်။

ရုရှားနိုင်ငံ၊ ရေခဲပြင်ဟော်ကီ အားကစားအသင်းတွေ ဖြစ်ကြတဲ့ ကာဗာချေယက်နဲ့ ဒတ်ဆူယက်တို့ ပြုံးချမ်းမှာ ယှဉ်ပြိုင်မဲ့ပွဲဟာ ၅ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)