Idol Radio အစီအစဉ်ကို ပါဝင်ဖို့ ဖျက်သိမ်းလိုက်ရတဲ့ ကန် ဒန်နီယယ်

0
15

တောင်ကိုရီးယား အဆိုတော် ကန် ဒန်နီယယ်ဟာ ဒီဇင်ဘာလ ၇ ရက်မှာ ကျင်းပမယ့် Idol Radio အစီအစဉ်ကို ပါဝင်ဖို့ စီစဉ်ခဲ့ပေမယ့် လက်ရှိမှာတော့ MBC FM ရဲ့ Idol Radio မှာ ပါဝင်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။


ကန် ဒန်နီယယ်ဟာ စိတ်ကျရောဂါ ခံစားနေရတဲ့အတွက် ပွဲကိုပါဝင်ဖို့ စီစဉ်ထားကို ဖျက်သိမ်းခဲ့တာဖြစ်ကြောင်း သူရဲ့အေဂျင်စီ Konnect Entertainment က သတင်းထုတ်ပြန်ထားပါတယ်။ သူရဲ့ကျန်းမာရေး အခြေအနေကြောင့် Idol Radio အစီအစဉ် အပါအဝင် တခြား အနုပညာလှုပ်ရှားမှုတွေနဲ့ ဂီတပွဲ အစီအစဉ်တွေမှာ ပါဝင်နိုင်ဖွယ်မရှိတော့ကြောင်း တောင်ကိုရီးယား မီဒီယာတွေကလည်း ဖော်ပြပါတယ်။


ပရိသတ်တွေကတော့ ကန် ဒန်နီယယ်ရဲ့ ကျန်းမာရေးအခြေနေ အမြန်ဆုံး ပြန်သက်သာလာစေဖို့ ဆုတောင်းပေးနေကြပါတယ်။ ကန် ဒါနီယယ်ဟာ ၂၀၁၇ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ Wanna One အဆိုတော် အဖွဲ့အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

Idol Radio အစီအစဉ်ကို ပါဝင်ဖို့ ဖျက်သိမ်းလိုက်ရတဲ့ ကန် ဒန်နီယယ် 

တောင်ကိုရီးယား အဆိုတော် ကန် ဒန်နီယယ်ဟာ ဒီဇင်ဘာလ ၇ ရက်မှာ ကျင်းပမယ့် Idol Radio အစီအစဉ်ကို ပါဝင်ဖို့ စီစဉ်ခဲ့ပေမယ့် လက်ရှိမှာတော့ MBC FM ရဲ့ Idol Radio မှာ ပါဝင်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ 

ကန် ဒန်နီယယ်ဟာ စိတ်ကျရောဂါ ခံစားနေရတဲ့အတွက် ပွဲကိုပါဝင်ဖို့ စီစဉ်ထားကို ဖျက်သိမ်းခဲ့တာဖြစ်ကြောင်း သူရဲ့အေဂျင်စီ Konnect Entertainment က သတင်းထုတ်ပြန်ထားပါတယ်။

သူရဲ့ကျန်းမာရေး အခြေအနေကြောင့် Idol Radio အစီအစဉ် အပါအဝင် တခြား အနုပညာလှုပ်ရှားမှုတွေနဲ့ ဂီတပွဲ အစီအစဉ်တွေမှာ ပါဝင်နိုင်ဖွယ်မရှိတော့ကြောင်း တောင်ကိုရီးယား မီဒီယာတွေကလည်း ဖော်ပြပါတယ်။ ပရိသတ်တွေကတော့ ကန် ဒန်နီယယ်ရဲ့ ကျန်းမာရေးအခြေနေ အမြန်ဆုံး ပြန်သက်သာလာစေဖို့ ဆုတောင်းပေးနေကြပါတယ်။ ကန် ဒါနီယယ်ဟာ ၂၀၁၇ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ Wanna One အဆိုတော် အဖွဲ့အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။